Category: ဓမ္မသစ်ကျမ်း

ဓမ္မသစ်ကျမ်း

  • ရှင်မဿဲခရစ်ဝင် ၁၅

    (င) ညစ်ညမ်းသော အရာသည် စိတ်နှလုံးထဲမှ ထွက်သည် (၁၅:၁-၂၀) ယခင်ကျမ်းပိုဒ်အခန်းများမှ အကြောင်းအရာများသည် အစီအစဉ်စနစ်တကျမရှိဟု ထောက်ပြကြသည်။ ဤအခန်းမှစ၍ စီကာရီကာအချက်အလက်ကျကျ ဖော်ပြကြောင်းတွေ့ရမည်။ အခန်း ၁၅တွင် မှတ်သားလောက်သောအချက်များရှိသည်။ ပထမဆုံးအချက်မှာ ဖာရိရှဲ နှင့်ကျမ်းတ်ပုဂ္ဂိုလ်များ၏ ကပ်သီးကပ်သတ်စကား၊ အငြင်းသန်ပုံ (ငယ် ၁:၂၀)နှင့် ဣသရေလတို့၏ မေရှိ ယငြင်းပယ်ကြပုံများကို တွေ့ရမည်။ ဒုတိယအချက်အနေဖြင့် ခါနာန်အမျိုးသမီး၏ ယုံကြည်ခြင်း...

  • ရှင်မဿဲခရစ်ဝင် ၁၆

    (ဈ) ဖာရိရှဲနှင့် ဇဒ္ဒုကတဆေးများ ( ၁၆:၁-၁၂) ၁၆:၁ ဖာရိရှဲများနှင့် ဇဒ္ဒုကဲများသည် ဘာသာရေးအယူအဆတွင် နေ့နှင့်ညပမာဟိုဖက် ထိ်ပ်၊ ဒီဖက်ထိပ်ရောက်နေကြသော အစွန်းရောက်သများများဖြစ်သည်။ သို့သော်လည်း သခင်ယေရှုအား ဆန့်ကျင်ရာတွင်မူ မဟာမိတ်များဖြစ်သည်။ မိုးကောင်းကင်မှဖြစ်သောနိမိတ်လက္ခဏာပြရန် သခင်ယေရှု အားဝိုင်းဝန်းစမ်းကြည့်ကြသည်။ ထိုသို့တောင်းဆိုချက်များ၏ အကြောင်းရင်းကို အသေအချာမသိရပါ။ ကိုယ်တော်ဘုရား၏ နိမိတ်လက္ခဏာအားဆန့်ကျင်လိုခြင်းသားဖြစ်ပေမည်။ မိုးကောင်းကင်မှ ဖြစ်သော လက္ခဏာတွေ့မြင်လို၍လည်း ဖြစ်နိုင်သည်။ ကမ္ဘာမြေသားနှင့်သက်ဆို်ငသော...

  • ရှင်မဿဲခရစ်ဝင် ၁၇

    (ဃ) ရုပ်ပြောင်းရုပ်လွဲပြုမည့် အကြောင်း တပည့်တော်များပြင်ဆင်စေခြင်း (၁၇:၁-၈) ၁၇:၁-၂ ဖိလိပ္ပိကဲသရိတွင် ခြောက်ရက်နေထိုင်ကြပြီးနောက်တွင် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့တပည့်တော်သုံးဦးကို ခေါ်ဆောင်၍ သခင်ယေရှုသည် တောင်ပေါ်တနေရာသို့ ကြွသွားတော် မူသည်။ အချို့ကျမ်းစာပညာရှင်များက ခြောက်ရက်ဟူသော စကားကို အဓိပ္ပါယ်ကောက်ကြသည်။ Gaebelein က ခြောက်ရက်သည် လူတို့၏ ကိန်းဂဏန်းသင်္ကေတဖြစ်သည်။ အလုပ်လုပ်ရက်ကို ရည်ညွန်း သည်။ ခြောက်ရက်လွန်မြောက်ပြီး နောက်တနေ့သည်...