ရှင်ယာကုပ်သြဝါဒစာ ၂
၄။ ဘက်လိုက်မှုအားရှုတ်ချခြင်း (၁:၁–၁၃) အခန်း ၂ ၏ ပထမအပိုင်းသည် လက်တွေ့ဘဝတွင်ရှုတ်ချစရာများကို သတိပေးခြင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းစာပါဆုံးမသွန်သင်ချက်များသည် တိုင်းတပါးသားများအတွက် ပုံဥပမာယူ ဖွယ်ရာများဖြစ်သည်။ ခရစ်ယာန်လောကတွင်မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိပါ။ ၂:၁ ပထမဦးစွာ “ညီအစ်ကိုတို့“ဟု ခေါ်ဝေါ်သုံးစွဲထားခြင်းသည် ယုံကြည်သူများကိုနှုတ်ဆက် ခြင်းဖြစ်သည်ဟုနာလည်ရမည်။ “သခင်ယေရှုကိုယုံကြည်ခြင်အမှု” ဆိုသည်မှာ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်အားယုံကြည်ခြင်းနှင့်...