ဗျာဒိတ်ကျမ်း ၁
၁။ ယောဟန်မြင်ခဲ့သည့် အရာများ (အခန်း ၁) (က) ခေါင်းစဉ်နှင့် နှုတ်ခွန်းဆက်မင်္ဂလာ ၁:၁–၂ ပထမဦးဆုံးကျမ်းပိုဒ်တွင် ဤကျမ်းစာသည် ကာလမကြာမြင့်မှီ ဖြစ်ရမည့် အ မှုအရာများဟု ကြေညာထားသည်။ ဗျာဒိတ်ကျမ်းသည် အနာဂတ်ကာလကို မကွယ်ဝှက်ဘဲ ပွင့်လင်းစွာ ဖွင့်ဟချက်များဖြစ်သည်။ သခင်ယေရှုခရစ်တော်က ဗျာဒိတ်ရူပါရုံပေးခြင်းဖြစ်သည်။ ခရစ်တော်က ကိုယ်တော်၏ ကောင်းကင်တမန်ကို ဗျာဒိတ်ပေး၍ ထိုကောင်းကင်တမန်က ကိုယ်တော်၏ကျွန်ယောဟန်အား...