ဗျာဒိတ်ကျမ်း ၁၆
(ဋ) အပြစ်စီရင်ရာ ရွှေဖလားတော် ခုနှစ်လုံး (အခန်း ၁၆) ၁၆:၁–၂ ထိုကောင်းကင်တမန်ခုနှစ်ပါးအား ဘုရားသခင်၏ အမျက်ဒေါသ ရွှေဖလားများကို မြေကြီးပေါ်သို့ သွန်ချရန် ဗိမာန်တော်ထဲက အသံထွက်လာသည်။ ထိုအပြစ်စီရင်ခြင်းသည် တံပိုးမှုတ် တရားစီရင်ခြင်းနှင့် ဆင်တူရိုးမှား ဖြစ်သော်လည်း ထို့ထက်ပိုကြီးသည်။ ပထမဖလားကို သွန်းလောင်းပစ်ရာ သားရဲကိုးကွယ်သူများ၏ ခန္ဓာကိုယ်၌ အလွန်ဆိုးသော အနာစိမ်းများ ပေါက်၏။ ၁၆:၃...