ဓမ္မသစ်ကျမ်းမိတ်ဆက်
ဤစာအုပ်များသည် သမိုင်းကြောင်းအရဖြစ်စေ၊ ဝိညာဉ်ရေးရာအရဖြစ်စေ၊ လူ့ဘဝသမိုင်း စဉ်တွင်လွှမ်းမိုးကြီးစိုးသည်။ စာအုပ်၏တန်ဖိုးသည် အလျားအနံတိုင်းဆ၍ မရအောင်ကြီးမားသည်။ ဧဒင် ဥယျာဉ်၌ ထွန်းလင်းခဲ့သော အရုဏ်ဦးသည် မွန်းတည့်ချိန်ရောက်လာပြီ။ ဓမ္မဟောင်းတွင် ပရောဖက်ပြု ထားကြသော ခရစ်တော်သည် ခရစ်ဝင်ကျမ်းများဖြစ်လာပြီ။ အတွေ့အကြုံ၌ရှိသော ခရစ်တော်ကိုလည်း ဩဝါဒစောင်များတွင်၎င်း၊ ခရစ်တော်၏ ဘုန်းအသရေကို ဗျာဒိတ်ကျမ်းတွင်၎င်းတွေ့မြင်နိုင်ကြသည်။ W.Graham Scroggie ၁။ ဓမ္မသစ်ဟူသောအမည်နာမ ဓမ္မသစ်တည်းဟူသော အသူရာပင်လယ်နက်ကြီးသို့မဝင်ရောက်မီ...