Category: တမန်တော်ဝတ္ထု

  • တမန်တော်ဝတ္ထု ၁၈

    ၁၈:၁  အေသင်မှ ပေါလုထွက်သွားခြင်းသည် မအောင်မြင်သော တရားပွဲဟု အချို့က ထင်မြင်ကြသည်။ အမှန်မှာ သန့်ရှင်းသောဝိညာဉ်တော်က အခါယပြည်မြို့တော် ကောရိန္သုသို့ ပို့ဆောင်ခြင်းဖြစ်သည်။ ထိုမြို့သည် မတရားညစ်ညမ်းသောအသင်းတော်ရှိရာမြို့ဖြစ်သည်။ ၁၈:၂–၃ ကောရိန္တုမြို့တွင် ပေါလုသည်ဘဝတလျှောက် လက်တွဲဖော်ပြုသည့် အာကုလ နှင့် ပြစ်ကိလတို့ လင်မယားနှင့်မိတ်ကောင်း ဆွေကောင်းဖွဲ့ကြ၏။ အာကုလသည် အာရှမိုင်းနား အရှေ့မြောက်ဒေသ ပုန္တုသား ယုဒလူမျိုးဖြစ်သည်။ ဇနီးသည် ပြစ်ကိလနှင့်အတူ...

  • တမန်တော်ဝတ္ထု ၁၉

    ၁၉:၁  ဧဖက် ရောက်ခဲ့စဉ်က ပေါလုသည် အလိုတော်ရှိလျှင် နောက်တစ်ခါလာဦးမည်ဟု ကတိပြုခဲ့သည်။ ထိုစကားသည် ဘုရားသခင် အလိုတော်နှင့်ပြည့်စုံသွားသည်။ ပေါလုသည် ဂလာတိပြည်၊ ဖြူဂိပြည်မှတဆင့် အာရှအနောက်ပိုင်းကမ်းခြေရှိ ဧဖက်မြို့သို့ ကုန်းလမ်းခရီးဖြင့်ရောက်သည်။ ဧဖက်မြို့တွင် တပည့်တော်ဖြစ်ချင်ကြသူများနှင့် တွေ့သည်။ ထိုသူများနှင့်စကားစမြည်ပြောသောအခါ ခရစ်ယာန်ယုံကြည်ခြင်းမပြည့်စုံသေးကြောင်းတွေ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်ခံယူခြင်းရှိမရှိ သံသယဖြစ်နေသည်။ ၁၉:၂   ထို့ကြောင့် “သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူရရှိကြပြီလား”...

  • တမန်တော်ဝတ္ထု ၂၀

    ၂၀:၁ တမန်တော်ကြီးသည် ဧဖက်မှ မာကေဒေါနိပြည်သို့ တိုက်ရိုက်ခရီးထွက်ကြောင်း တွေ့ရသည်။ ကောရိန္သုသြဝါဒ ဒုတိယစာစောင်မှာမူ ပထမဦးစွာ တရောသို့ အရင်သွားကြောင်း ဆိုထားသည်။ ထိုနေရာတွင် ဧဝံဂေလိတရားဟောကြားခွင့် အခွင့်အရေးကောင်း ကြုံကြိုက်သဖြင့် တရားလိုက်ဟောသည်။ စိတ်ထဲမှာမူ ကောရိန္သုမှလာသော တိတုနှင့် တွေ့ဆိုဖို့ စိတ်ဝင်စားနေသည်။ သို့သော် တိတုနှင့်မဆုံသဖြင့် အရှေ့မြောက်ဒေသရှိ မာကေဒေါနိပြည်သို့ ခရီးဆက်နှင်သည်။ ခရီးဆက်သွားနေစဉ် မူလအစီအစဉ်တွင် မပါပဲလျက်...