ဗျာဒိတ်ကျမ်း ၁၈
၁၈:၁ အခန်း(၁၈)သည် ဗာဗလုန်မြို့ ကျဆုံးသည့် ဧရင့်ကျူးဖြစ်သည်။ ပြည့်တန်ဆာအသင်း တော်ဆိုသည်မှာ အယူဝါဒမှားယွင်းမှုတခုတည်းသားမဟုတ်ဘဲ၊ ကမ္ဘာ့စီးပွားရေးရာအကြီးကျယ် ဆုံးနေရာဖြစ်သည်။ တချိန်တည်းတွင် ကမ္ဘာ့စျေးကွက်ကိုလည်း ထိန်းချုပ်ထားသည်။ အခြားကောင်းကင်တမန်တပါးသည် ကြီးစွာ သောတန်ခိုးနှင့် ကောင်းကင်သတင်းစကားကြားဖို့ ဆင်းသက်လာသည်။ သူ့ရောင်ခြည်အားဖြင့် ကမ္ဘာကြီးလည်း လင်းလက်ကုန်သည်။ ၁၈:၂ မဟာဗာဗုလုန်ကြီးသည် ပြိုလဲပျက်စီးသွားသောကြောင့် နတ်ဆိုးမိစ္ဆာများ၊ ညစ်ညူးသော ဝိညာဉ်၊စက်ဆုပ်ရွံရှာဖွယ်ရာ ငှက်ဆိုးများခိုအောင်းရာ မြို့ ပျက်ကြီးသာဖြစ်တော့သည်။...