Tag: ကောရိ န္တု သြဝါဒစာပဌမစောင်

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၆

    (ဂ) ယုံကြည်သူများအချင်းချင်းတရားစွဲဆိုကြခြင်း (၆:၁–၁၁) ပထမပိုင်း အပိုဒ်ငယ် (၁၁)ခုသည် ယုံကြည်သူအချင်းချင်း တရားစွဲဆိုကြသည့်အကြောင်း ဖြစ်သည်။ မယုံကြည်သူလောကသားများရှေ့တွင် ယုံကြည်သူအချင်းချင်းတရားစွဲဆိုကြသည်။ ထို့ကြောင့် အသင်းတော်အား အထူးမှာကြားလိုက်သည်။ “မသိကြဘူးလား” ဟု အစချီ၍ (ငယ်၂၊၃၊၉၊၁၅၊၁၆၊၁၉) တို့တွင် ထပ်ခါထပ်ခါ ဆုံးမထားသည်။ ၆:၁ ကျမ်းပိုဒ်စလျှင်စခြင်းမေးခွန်းဖြင့် ထုနက်ထားသည်။ ယုံကြည်သူအချင်းချင်း ဖြစ်ပါလျက် တရားတော်နှင့်ညှိနှိုင်း အဖြေရှာခြင်းမပြုဘဲ၊ မယုံကြည်သူလောကီသားများရှေ့တွင် ဟိုးလေးတကျော်ကျော်ဖြစ်အောင်...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၇

    ၃။ အသင်းတော်မေးခွန်းများဖြေကြားချက် (အခန်း ၇–၁၄) (က) အိမ်ထောင်ပြုခြင်းနှင့်တကိုယ်ရေတကာယနေခြင်း (အခန်း ၇) ၇:၁ ဤအခန်းမှစ၍ ကောရိန္သု အသင်းတော်အကြောင်း၊ တိုင်ကြားသည့်အကြောင်းအရာ များကို ရှင်းပြပါမည်။ ထိုတိုင်တောချက်မှာ ကောရိန္သုအသင်းတော်မှသန့်ရှင်းသူများ၏ပေးစာ ဖြစ်သည်။ ပထမအချက်မှာ အမှုတော်ဆောင်များ အိမ်ထောင်ပြုသင့်သလား၊ တစ်ကိုယ်ရေတစ်ကာယ နေသင့်သလားဟူသော အငြင်းပွားချက် ဖြစ်သည်။ အမျိုးသားများသည် မ မသန်းလျှင် ပိုကောင်း သည်ဟုဆိုသည်။...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၈

    (ခ) ရုပ်တုဆင်တုပူဇော်သက္ကာစာများကို စားသုံးခြင်း (၈:၁–၁၁:၁) ရုပ်တုဆင်းတု ပူဇော်ခံစားပွဲတော်ကျများ၊ ခေါစာ၊ နတ်စာ၊ ဆွမ်းတော်ကျများ စားသုံးခြင်းသည် အသက်တာ ပြောင်းလဲသော ခရစ်ယာန်များအတွက် ကြီးမားသောအခက်အခဲပြဿနာ ဖြစ်သည်။ တစ်ခါတရံ လူမှုရေးအရ ထိုစားသောက်ဖွယ်ရာများ မှီဝဲစားသုံးရန် ပေးကမ်းခြင်း၊ ဖိတ်ခေါ် ခြင်းများရှိသည်။ စျေးဝယ်ရာတွင်လည်း ယစ်ပူဇော်ထားသော ယဇ်ကောင်အသားများရှိနိုင်သည်။ ထိုယဇ်ကောင်သားများကို ခရစ်ယာန်အနေဖြင့် ဝယ်ယူစားသုံးသင့်ပါသလား။ ယဇ်ပူဇော်ထားသော ခဲဘွယ်ဘောဇဉ်များ...