တရားသူကြီးမှတ်စာ ၆
(င) ဂိဒေါင် (၆:၁–၈:၃၂) ၆:၁–၆ နောက်တဖန် မိဒျန်တို့၏ ဖိနှိပ်ခြင်းခံရပြန်သည်။ မိဒျန်တို့၏ အနိုင်ကျင့်ခြင်းခံကြရသည်။ မိဒျန်တို့သည် အင်အားကြီးထွားသဖြင့် ခွန်အားဗလ အားကိုး၍ ဣသရေလတို့၏ လယ်ယာမြေကောက်ပဲသီးနှံများကို အတင်းအဓမ္မ ရိတ်သိမ်းကြသည်။ တိရိစ္ဆာန်များကို လုယူသတ်စားကြသည်။ ကျိုင်းကောင်အုပ်ပမာ သောင်းကျန်းဖျက်ဆီးပစ်ကြသည်။ ထိုသို့ဖြစ်ခြင်းမှာ ဣသရေလတို့၏ ယုံကြည်ခြင်း ဖောက်ပြန်မှုကြောင့် အနိုင်အထက် အပြုခံရခြင်း၊ ကျွန်ခံရခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခံကြရသည်။...