တောလည်ရာကျမ်း နိဒါန်း
နိဒါန်း “တောလည်ရာကျမ်းသည် ယုံကြည်သူ ခရစ်ယာန်များအသက်တာတွင် သမိုင်းနှင့်ချီ၍ သင်ခန်းစာ ယူရမည့်ထူးခြားလေးနက်သော ဘဝသင်ခန်းစာဖြစ်သည်။ ဟေဗြဲကျမ်း စီရင်ရေးသားသူက ဟေဗြဲ အခန်း ၃ နှင့် ၄တွင် ၌တောလည်ရာကျမ်းကို ပြန်လည် မှီငြမ်းထားခြင်းဖြင့် ပိုမိုလေးနက်စေသည်။“ ၁။ စံတော်မီ ဝိသေသလက္ခဏာ အင်္ဂလိပ်ကျမ်းစာတွင် မောရှေ၏ စတုတ္ထကျမ်းဟု သမုတ်ထားသော ဤကျမ်းသည် Septuagint တွင် Arithmoi...