တောလည်ရာကျမ်း ၁၅
(င) ပညတ်တော်အမျိုးမျိုး (အခန်း ၁၅) ၁၅:၁–၂ အခန်း ၁၄နှင့် ၁၅ အကြားတွင် အဖြစ်အပျက်အချိန်ကာလမည်မျှ ကွာခြားသည်ကို အတိအကျမသိပါ။ သို့သော်လည်း ကွင်းဆက်တစ်ခုမှာ “ထိုသူများသည် ကတိတော်မြေကို မဝင်ကြ” (ငယ်၁၄:၂၃)ဟူသော ကျမ်းစကားဖြစ်သည်။ “ငါပေးသော နေရာသို့ ဝင်ရောက်ကြသောအခါ (၁၅:၂) ဟူသော ကျမ်းပိုဒ်သည် အပြစ်ဒုစရိုက်၊ အဟန့်အတားများက ပိတ်ပင်လင့်ကစား လုံးဝမပတ်ဆို့နိုင်ဟု...