တောလည်ရာကျမ်း ၁၈
(ဆ) လေဝိအမျိုးသို့ အမိန့်ညွှန်ကြားချက် (အခန်း ၁၈–၁၉) ၁၈:၁-၇ အခန်း ၁၈သည် အခန်း ၁၇မှ နောက်ဆုံးကျမ်းပိုဒ်ငယ်(၂)ခုနှင့် ဆက်စပ်သည်။ ပရိသတ်တဲတော်ကို ကြောက်လန့်နေသော လူထုပရိသတ်များသို့ တဲတောနှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက်ထပ်မံ ထုတ်ပြန်သည်။ အကယ်၍ဤညွှန်ကြားချက်ကို နာခံလျှင် ဘုရားသခင်၏ အမျက်ဒေါသအား စိုးရိမ်စရာမလို။ အပိုဒ်ငယ် ၁ကို နှစ်ပိုင်းခွဲခြားနားလည်နိုင်သည်။ “သင်နှင့်သင်၏သားမြေး အဆွေအမျိုး”...