တောလည်ရာကျမ်း ၂၁
(ည) ကြေးဝါမြွေရုပ် (၂၁:၁–၂၂:၁) ၂၁:၁–၃ ကတိတော်မြေ၏ တောင်ပိုင်းသည် အာရဒ်မင်း စိုးစံရာဖြစ်သည်။ ဣသရေလလူမျိုးများ အလုံးအရင်းဖြင့် နယ်မြေသိမ်းပိုက်ချီတက်လာကြကြောင်း သတင်းရရှိသောအခါ စစ်ပြင်ဆင်၍ တွန်းလှန် တိုက်ခိုက်သည်။ သို့သော် ဣသရေလတို့၏ ဆုတောင်းသံကို ဘုရားရှင် နားညောင်းတော်မူသောကြောင့် ဟော်မာအရပ်တွင် ဣသရေလတို့အောင်ပွဲဆင်ကြသည် (ငယ် ၁-၃)။ ၂၁:၄–၉ ပင်လယ်နီ(ငယ် ၄) ဖြတ်ကူးသည်ဟုဆိုပြန်သော်လည်း အဲဂုတ္တုပြည်မှ...