Tag: ထွက်မြောက်ရာကျမ်း

  • ထွက်မြောက်ရာကျမ်း ၃၁

    ၆။ လက်မှုပညာဆုလက်ဆောင် (၃၁:၁–၁၁)           ၃၁:၁–၁၁ ဘုရားသခင်က ခုရိတ်သား ဗေဇလေလ၂၈ နှင့် အဟိသမက်သားအဟောလုဘတို့အား တဲတော်ကို ပြင်ဆင်ရန် လက်မှုပညာ လက်ဆောင်သီးသန့်ပေးထားသည်။ အခြားသူများကိုလည်း သင်ပေးနိုင်သော ဉာဏ်ပညာပေးထားသည် (ငယ် ၆)။ ဘုရားသခင်က သူ့လူများကို အသိပညာအတတ်ပညာ၊ ဉာဏ်ပညာအသီးသီး တစ်ယောက်တစ်မျိုးပေးထားသည်။ ထိုပညာများသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖို့ အသုံးပြုရသည် (ငယ် ၆)။...

  • ထွက်မြောက်ရာကျမ်း ၃၂

    (ဃ) ရုပ်တုဆင်းတုကိုးကွယ်မှုရှုံ့ချခြင်း (အခန်း ၃၂၊၃၃) ၁။ ရွှေနွားရုပ် (၃၂:၁–၁၀)           ၃၂:၁–၁၀ သိနာတောင်ပေါ်တွင် မောရှေကာလ အတန်ကြာသောအခါ လူထုပရိသတ်က အာရုန်အား ရုပ်တုပြုလုပ်ကိုးကွယ်ဖို့ မေးမြန်း တိုက်တွန်းကြသည်။ ဘုရားသခင်တားမြစ်ပိတ်ပင်သော ရုပ်တုကိုးကွယ်ခြင်း တမင်ဖောက်ဖျက်ကြသည် (ထွ ၂၀:၄)၊ ရွှေနားကွင်း၊ ရွှေလက်ကောက်များကို အရည်ကြို၍ ရွှေနွားရုပ်ပုံသွန်းလာင်းကြသည်။ ထိုနောက် ရွှေနွားရုပ်ပြုလုပ်ခြင်း အထိမ်းအမှတ်ဖြင့် ကိုးကွယ်ကြသည်...

  • ထွက်မြောက်ရာကျမ်း ၃၃

    ၃။ မောရှေ၏လူများနောင်တရကြခြင်း (၃၃:၁–၆)           ၃၃:၁–၆ ဘုရားသခင်သည် ထိုခေါင်းမာသော ဣသရေလလူမျိုးနှင့်အတူတကွ မလိုက်လို။ အကယ်၍ လိုက်မိလျှင် လမ်းခုလတ်တွင် စိတ်တိုစရာ တွေ့၍ တစ်ခုခုလုပ်မိလိမ့်မည်။ ထိုကြောင့် ဘုရားသခင်က သူ့ကိုယ်စား ကောင်းကင်တမန်တစ်ပါးရှေ့က လွှတ်ပေးမည်။ ပရိသတ်က ထိုသတင်းဆိုးကြားသိကြသောအခါ ဝမ်းနည်းကြေကွဲကြသည်။ ဝတ်ထားသော လက်ဝတ်တန်ဆာများကိုလည်း ဝတ်ဆင်လိုစိတ်မရှိကြ။ ဤရွှေများဖြင့် နွားရုပ်လုပ်လိုက်မိလေခြင်းဟု နောင်တရကြသည်။ သိနာတောင်ရောက်သည့်တိုင်အောင်...