Tag: ဓမ္မရာဇဝင်ဒုတိယစောင်

  • ဓမ္မရာဇဝင်ဒုတိယစောင် ၁၈

    ၁၈:၁–၅  ဒါဝိဒ် သည် သူ့အဖွဲ့အား ယွာဘ၊ အဘိရှဲ၊ အိတ္တဲ ခေါင်းဆောင်စေလျှက် (၃) ဖွဲ့ခွဲလိုက်သည်။ စစ်ရေးကြိုတင် ပြင်ဆင်ဖွဲ့စည်းထားသည်။ ဒေသခံမြို့သူမြို့သားများကလည်း လိုအပ်သည်များကူညီကြမည်ဟု ကတိပြုကြသည်။ ဒါဝိဒ်သည် စစ်ချီထွက်ခါနီးတွင် စစ်ဗိုလ်ချုပ်များအား သူ့မျက်နာထောက်၍ အဗရှလုံအား သက်ညှာစွာ စဉ်းစားပေးကြရန် မှာကြားလိုက်သည်။ ၁၈:၆–၉  ယောဒန်မြစ်တစ်ဘက်ကမ်း မဟာနိမ်အနီး ဧဖရိမ်တော တွင် စစ်တိုက်ကြသည်။ အဗရှလုံ၏...

  • ဓမ္မရာဇဝင်ဒုတိယစောင် ၁၉

    ၁၉:၁–၈  ဒါဝိဒ်မင်းသည် အကြီးအကျယ် ဝမ်းနည်းကြေကွဲသည်။ စစ်သည်တော်များသည်လည်း အရှက်တဝက် အပြစ်တဝက်ခံစားနေကြသည်။ အောင်ပွဲခံခြင်းထက် ဝမ်းနည်းစရာပိုများသည်။ ယွာဘသည် ဘုရင်ကြီးထံ ဝင်ရောက်ခစား၍ စကားဆိုသည်။ ဘုရင့်အတွက် အသက်ပေးတိုက်ခိုက်သော သစ္စာခံ တပည့်သားမြေးများထက် ရန်သူများကို ဦးစားပေးချင်သလား၊ ဘုရားအသက်ကို ကယ်တင်သူများအား ကျေးဇူးမတင်သည့်အပြင် အပြစ်မြင်ရက်သလား၊ အဗရှလုံ အသက်ရှင်၍ ဒါဝိဒ်၏တပည့်များ သေခြင်းကို နှစ်သက်ပါသလားဟု ဆိုသည်။ အကယ်၍...

  • ဓမ္မရာဇဝင်ဒုတိယစောင် ၂၀

    (ဈ) ရှေဘပုန်ကန်ခြင်းနှင့် သေခြင်း (အခန်း ၂၀) ၂၀:၁–၂  ဗင်္ယာမိန်အမျိုးတွင် စိတ်သဘောထားမမှန်သော ရှေဘ (ရှောလုနှင့် သွေးသားမကင်း)သည် ဣသရေလ လူများကို ကုန်းချောစည်းရုံးလျှက် (၁၉:၄၂) သူပုန်ထကြသည်။ ယုဒလူမျိုးများသည် ဒါဝိဒ် မင်းအား ပြည့်ရှင်မင်းတရားဟု ခံယူသူများဖြစ်သည်။ ဒါဝိဒ်၏ တိုင်းပြည်တွင် ဣသရေလ လူနေရာမရှိ ဟုဆိုသည်။ ဣသရေလလူမျိုး အပေါင်းတို့ ဆိုခြင်းမှာ ဣသရေလလူ...