Tag: ဓမ္မရာဇဝင်ပဋ္ဌမစောင်

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၆

    (၃) ပဋိညာဉ်သေတ္တာပြန်လည်ရရှိခြင်း (အခန်း ၆၊၇)           ၆:၆ ခုနှစ်လအတွင်းမှာ ဖိလိတ္တိတို့သည် ပဋိညာဉ်သေတ္တာတော်အား မထိရဲမကိုင်ရဲလောက်အောင် အကုသိုလ်ဝင်ကြသည်။ သို့ကြောင့် မူလပိုင်ရှင် ဣသ​ရေလတို့ ပြန်ပေးချင်စိတ်ပေါက်လာသည်။ အဖိုးတန်ပစ္စည်း ဆိုသော်လည်း ကိုယ်နှင့်မထိုက်လျှင် ကောင်းကျိုးမပေး ခိုက်တတ်သည်။ ပြန်ပေးခြင်းနည်းလမ်းမှလွဲ၍ အခြားနည်းလမ်းမတွေ့။ ယဇ်ပုရောဟိတ်များနှင့် နိမိတ်ဖတ်ဆရာများ ခေါင်းချင်းဆိုင် တိုင်ပင်နေကြပြီ။ လက်ချည်းဗလာလွှတ်လိုက်၍ မဖြစ်။  ဖိလိတ္တိပြည်မှာ ပြုခဲ့သောရောဂါဆိုးများ...

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၇

    ၇:၁–၆ ကိရယတ်ယာရိမ်မြို့သားများသည် ပဋိညာဉ်သေတ္တာအား လာရောက်ယူဆောင်ပြီး အမိနဒပ်အိမ်တွင် နှစ်ပေါင်းနှစ်ဆယ်ကြာ သိမ်းဆည်းထားကြသည်။ ရှမွေလသည် ဣသရေလလူတို့အား ထာဝရဘုရားသခင်ကို ကိုးကွယ်ယုံကြည်ကြရန်နှင့် ထိုသို့ယုံကြည်ကိုးစားလျှင် ဖိလိတ္တိတို့ဘေးရန်မှ ကင်းလွတ်မည့်ကြောင်း ဟောပြောသွန်သင်သည်။ ဣသရေလတို့သည်လည်း      ရှမွေလဟောပြောသည့်အတိုင်း ရုပ်တုဆင်းတုဘုရားတုများကို ဖျက်ဆီးလွှင့်ပစ်ကြပြီ၊ မိဇပါတွင် ဝတ်ပြုစည်းဝေးပြုကြသည်။ နောင်တရ၍ အစာရှောင် ဥပုသ်စောင့်ကြသည်။ နောင်တရသော အထိမ်းအမှတ်အဖြစ်ဖြင့် တရားဇရပ်ရှေ့တွင် ရေခပ်လောင်းကြသည်။...

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၈

    (စ) ရှင်ဘုရင်လိုအပ်ခြင်းနှင့်ရွေးချယ်ခြင်း (အခန်း ၈၊၉)           ၈:၁–၅ ရှမွေလသည် အသက်အရွယ်ကြီးရင့်၍ ဖိုးထောက်ဖြစ်လာသောအခါ ငယ်ရွယ်နုပျိုစဉ်ကဲ့သို့ မသွားလာနိုင်။ သို့ကြောင့် ဗေရရေဗမြို့တွင် ယောလနှင့်အဘိရသားနှစ်ယောက်အား တရားသူကြီးခန့်အပ်သည်။ သို့သော် ထိုသားများသည် ဖခင်နှင့်မတူ တံစိုးလက်ဆောင်ရယူ၍ အကျင့်ပျက်ကြသည်။ သူတို့ရှေ့တွင် နမူနာပြသွားသော ဧလိမိသားစုအတိုင်း ပြည်သူလူထု၏ မျက်မုန်းကျိုးခြင်းခံကြရသည်။ သို့ကြောင့် မြို့မိမြို့ဖ မြို့မျက်နှာဖုံးများသည်  ရှမွေလထံသို့ သွားရောက်၍...