Tag: ဓမ္မရာဇဝင်ပဋ္ဌမစောင်

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၉

    ၉:၁–၁၄ ဗင်္ယာမိန်အမျိုး ကိရှ၏သားရှောလုတွေ့ရသည်။ ကိရှ၏သားရှေလုနှင့်အဖော်များသည် ဖခင်၏မြည်းများကိုတောထဲ၌ လိုက်ရှာကြသည်။ ရှာမတွေ့ကြသဖြင့် ရွာနီးချုပ်စပ်ရှိ အကြားအမြင်ပေါက်ဆရာ၊ ဘုရားသခင်၏လူထံ သွားရောက်မေးမြန်းရန် တိုင်ပင်ကြသည်။ မြင်ဆရာအား ပေးရန်လည်း လက်ထဲတွင် ပိုက်ဆံတစ်မတ်သာရှိသည်။ ရွာနားရောက်သောအခါ ရေခပ်သူမ ကညာပျိုတစ်စုကို မေးမြန်းပြီး ရှမွေလအိမ်ဘက်သို့ သွားကြသည်။ ထိုနေ့ရက်သည် ဘာသာရေးပွဲနေ့ရက်ဖြစ်သဖြင့် ပွဲတော်မသွားမီ တွေ့ဆုံခွင့်ရရန် အပြေးအလွှားသွားကြသည်။ ရှမွေလကလည်း ထိုသူများရောက်လာမည့်အကြောင်း အာရုံပေါ်သဖြင့်...

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၁၀

    ၂။ ရှောလုအုပ်စိုးမင်းမူခြင်း (အခန်း ၁၀၊၁၅) (က) ဆီလူးခြင်းနှင့်အတည်ပြုခြင်း (အခန်း ၁၀၊၁၁)           ၁၀:၁–၆ ရှမွေလက ရှောလု၏ ဦးခေါင်းပေါ်တွင် ဆီလောင်းဘိသိက်ပေးခြင်းဖြင့် ဣသရေလဘုရင် အဖြစ် ခန့်အပ်သည်။ ယဇ်ပုရောဟိတ်မင်းအဖြစ်သို့ ခန့်အပ်သည်။ ယဇ်ပုရောဟိတ်မင်းအဖြစ်သို့ ခန့်အပ်သည့်အခါ ဆီလူးဘိသိက်ပေးရသည့် (ဝတ် ၈:၁၂) နည်းတူ ဣသရေလတို့၏ ပထမဦးဆုံး ဘုရင်မင်းမြတ်ကိုလည်း ဆီလူးဘိသိက်ပေး၍ ခန့်အပ်ရသည်။...

  • ဓမ္မရာဇဝင်ပဋ္ဌမစောင် ၁၁

    ၁၁:၁–၅ ယော်ဒန်မြစ်၏ အရှေ့ဘက်ကမ်းတွင် ဂဒ်လူမျိုးတို့၏ မြို့ပြ ဂိလဒ်ပြည်၊ယာဗက်မြို့ရှိသည်။ အရှေ့တောင်ဘက်ရှိ အမ္မုန်လူမျိုးက ထိုမြို့အား တိုက်ခိုက်ရန် ဝိုင်းရံလာကြသည်။ မြို့ခံလူများက အညံ့ခံ အရှံးပေးမည့်အကြောင်း အလံဖြူထောင်ကြသော်လည်း အမ္မုန်ဘုရင်နာဟတ်က ညာမျက်လုံးအားလုံး ဖောက်ထုတ်ကြမှ စစ်ပြေငြိမ်းနိုင်မည်ဟု အထက်လေသံဖြင့် ဆိုသည်။ ဂဒ်လူမျိုးများကလည်း ဣသရေလလူမျိုးများသို့ အကြောင်းကြားခွင့်(၇)ရက်ပေးရန်နှင့် စစ်ကူမလာပါက မိမိ မျက်လုံး ဖောက်ကြပါမည်ဟု ဝန်ခံကြသည်။ ထိုသို့ဖြင့်...