Tag: နေဟမိမှတ်စာ

  • နေဟမိမှတ်စာ ၆

     ၆:၁–၄ နေဟမိ၏ လုပ်ဆောင်ချက် အကောင်အထည်ဖော် ရုပ်လုံးပေါ်သောအခါ မနာလိုမုန်းထား အဖျက်သမားများက အကောက်ကြံပြန်သည်။ သမ္ဘာလတ်နှင့် ဂေရှင်တို့က သြနောချိုင့်ဝှမ်းတွင် တွေ့ဆုံဖို့ နေဟမိအား (၄)ကြိမ်တိုင်တိုင် မျှားခေါ်ကြံစည်ကြသည်။ သူ့ကို ဒုက္ခပေးမည့်အကြောင်း နေဟမိရိပ်မိသဖြင့် အမိုက်ခံ၍ မသွား။ ဘုရားပေးအလုပ်ကိုသာလျှင် ဣန္ဒြေရရ ဆက်လက်ဆောက်လုပ်သည်။ ခွေးလေးခုန်၍ ဖုန်မထနိုင်ပါတကား။ ၆:၅–၉ သြနောချိုင့်ဝှမ်းသို့ လိမ်ညာခေါ်ဆောင် မရမှန်းသိသောအခါ သမ္ဘာလတ်သည်ပဉ္စမအကြိမ်မြောက်...

  • နေဟမိမှတ်စာ ၇

    (ဃ) ယေရုရှလင်လုံခြုံရေး (၇:၁–၄)  ၇:၁–၂ မြို့ရိုးပတ်လည်တည်ဆောက်ပြီးသည်နှင့် တပြိုင်နက် တံခါးမှူး၊ တူရိယာပန်တျာပညာရှင်များ လေဝိအမျိုးသားများအား မိမိတို့ကျရာတာဝန်ကို စနစ်တကျ တာဝန်ကို စနစ်တကျ စီမံခန့်ခွဲသည်။ မြို့တော် လုံခြုံရေးကို သူ၏ညီဟာနနိနှင့်  ဟာနစ်တို့၏ လက်ထဲသို့ အပ်နှံသည်။ ထိုနှစ်ယောက်သည် ဘုရားတရားကိုင်းရှိုင်းသော လူကြီးသူကောင်းများဖြစ်သည်။ ဟာနန်သည် နေဟမိကဲ့သို့ပင် ဘုရားသခင်အား ကိုးစားယုံကြည်သူဖြစ်သည်။ ၇:၃–၄ ယေရုရှလင်မြို့ ဘေးကင်းလုံခြုံစေရန်စည်းကမ်းရှိသူများစနစ်တကျ...

  • နေဟမိမှတ်စာ ၈

    (စ) ယေရုရှလင်တွင် ဘာသာရေးရှင်သန်လာခြင်း (အခန်း ၈–၁၀)  ၈:၁–၈ အခန်း (၈)သည် ယုံကြည်သူများ ဝိညာဉ်တန်ခိုးကြီးစေရာ သတင်းကောင်းဖြစ်၍ အရေးကြီးသည်။ ဤအခန်းတွင် နေဟမိသည် ပထမလူပုံစံဖြင့်မရေးဘဲ၊ တတိယလူပုံစံဖြင့် (၁၂:၃၁)ထိ စီရင်ရေးဖွဲ့သည်။ လာမည့်အခန်းများတွင် ဧဇရ၏ သွင်ပြင်လက္ခဏာများကိုလည်း  အနည်းအကျဉ်းတွေ့ရမည်။  သတ္တမလ၏ ပထမနေ့ရက်တွင် ပြည်သူလူထုကြီးသည် တံပိုးမှုတ်ပွဲတော် ပါဝင်ဆင်နွဲဖို့ ကြက်ပျံမကျ၊ ငှက်ပျံမကျစုရုံးကြသည် (ဝတ်...