တိတုသြဝါဒစာ ၂
၄။ ဝတ်ပြုအစည်းအဝေးအား လှုံ့ဆော်ခြင်း (၂:၁–၁၅) ၂:၁ မိစ္ဆာဆရာများသည် အသက်တာတစ်ခုလုံး အသရေပျက်သူများဖြစ်သည်။ အပြုအမူအားဖြင့် သမ္မာတရားကို ယုံကြည်ခြင်းမရှိ၊ ငြင်းပယ်သူများဖြစ်သည်။ ထိုမုသာ လိမ်ညာမှု၏ လုပ်စားမှုကို မည်သို့ တိုင်းတာသိရှိနိုင်မည်နည်း။ တိတု၏ ရည်မှန်းချက်မှာ ထိုသူများအား ခိုင်မာသော သမ္မာတရား သွန်သင်ဖို့ ဖြစ်သည်။ ဘုရားသခင်၏ လူများ အပြောနှင့်အလုပ် ကိုက်ညီအောင် သင်ကြရမည်။ ...