Tag: ယောဘဝတ္ထု

  • ယောဘဝတ္ထု ၁၂

    ၇။ ယောဘ၏ချေပချက် (အခန်း ၁၂-၁၄) ၁၂:၁-၆ ယောဘက သူ့မိတ်ဆွေများ၏ဉာဏ်ပညာအား စွပ်စွဲသည်။ သင်တို့သာလျှင်လူဖြစ်၍ သင်တို့နှင့်အတူဉာဏ်ပညာသေလိမ့်မည်။ ဘုရားသခင်ကို သိကျွမ်းသူများသည် ဉာဏ်ပညာ နှင့်အစွမ်းတန်ခိုးရှိသည်။ သို့သော် ဘုရားတရား ကိုင်းရှိုင်းသူ၏ ဆင်းရဲဒုက္ခခံစားခြင်းနှင့် ဘုရားတရား မသိသူ၏ ကြွယ်ဝချမ်းသာခြင်းကို မည်ကဲ့သို့ဆက်စပ် နားလည်နိုင်မည်နည်း။ “ဒုက္ခရောက်နေသော ငါ့ကိုဟားတိုက်ရယ်မောကြသည်။ ယိုင်လဲနေသူကို တွင်းချပစ်ချင်သည်” (ငယ် ၅ TEV)...

  • ယောဘဝတ္ထု ၁၃

    ၁၃:၁-၁၉ ယောဘက သူ့အခက်အခဲပြဿနာကိုစောကြောသည်။ သူ့တစ်သက်တာတွင် အထူးအဆန်းဟူ၍မတွေ့။ သူ့ခန္တာကိုယ်တွင်ခံစားရသော ဆင်းရဲဒုက္ခအား ဘုရားသခင်ထံတွင် ကိုယ်တိုင်လျှောက်ချင်သည်။ သူသည် ငြိမ်သက်နေလျှင်ပညာရှိဟုထင်တတ်ကြသည်။ သူ့ဆင်ခြေဆင်လက်များသည် ဘုရားသခင်ရှေ့တွင်မခိုင်လုံပါ အားနည်းချက်များရှိသည် အတည်ယူ၍မရ။ သို့သော် ယောဘသည် သူ့စကားအား သက်သေထား၍ ဘုရားသခင်ရှေ့တွင်အစစ်ခံရဲသည်။ ဘုရားသခင်က သူ့အားသေဒဏ် ပေးလျှင်လည်း ယုံကြည်ခြင်းသစ္စာပျက်မည်မဟုတ်။ ၁၃:၂၀-၂၈ ၁၃:၂ဝ မှ ၁၄:၂၂ သည် ယောဘက...

  • ယောဘဝတ္ထု ၁၄

    ၁၄:၁-၆ လူ့ဘဝတွင် ဒုက္ခ ပြဿနာပေါင်းစုံ ကြုံတွေ့ရပုံကို ဘုရားသခင်သို့ မေးထားသည်။ ရေပျော်ငါးက တိတ်ဆိတ်စွာ လူးလားကူးခတ်၍ မိုးယံဌက်က တကြော်ကြော်တေးဆိုနေသော်လည်း မြေကြီးပေါ်မှ လူသားသည် ချွေးဒီးဒီး ကျအောင်ထွန်ရက်နေဂသည်။ အငယ် ၁ သည် အဓိပ္ပါယ်ကျယ်ပြန့်သည်။ အတွေးနယ်ဆန့်သမျှ ချဲ့ကားနိုင်သည်။ မိန်းမမွေးသောသူသည် အသက်တို၍ ဒုက္ခပေါင်းစုံပြည့်စုံရ၏။ တိုတောင်းလှသော လူ့ဘဝတွင် အဘယ်ကြောင့် ငြိမ်သက်ခြင်းမရှိနိုင်သနည်း။အဘယ်ကြောင့် ရုန်းကန်လှုပ်ရှားနေရသနည်း။...