Tag: ယောရှုမှတ်စာ

  • ယောရှုမှတ်စာ ၃

    (ဂ) ယော်ဒန်မြစ်ဖြတ်ကူးခြင်း (၃:၁–၅:၁)           ၃:၁–၁၃ ယော်ဒန်မြစ် ဖြတ်ကူးကြရတော့မည်။ ယော်ဒန်မြစ်ရေ ရေကြီးချိန်ကာလဖြစ်နေသည်။ ယဇ်ပုရောဟိတ်များကို ပဋိညာဉ်သေတ္တာထမ်းစေလျက် စစ်ကြောင်းရှေ့က သွားခိုင်းသည်။ (ခါတိုင်းတွင် ကောဟတ်အမျိုးများက ပဋိညာဉ်သေတ္တာထမ်းလေ့ရှိသော်လည်း (တော ၄:၁-၁၅) အထူးကိစ္စရပ်ဖြစ်သောကြောင့် ယဇ်ပုရောဟိတ်များ ထမ်းခိုင်းခြင်းဖြစ်သောကြောင့် ယဇ်ပုရောဟိတ်များ ထမ်းခိုင်းခြင်းဖြစ်သည်)။ ထိုပဋိညာဥ်သေတ္တာသည် ယေရှုခရစ်တော်ပုံဆောင်ပါသည်။ ယုံကြည်သူများသည် မိမိအစွမ်းအစ အရည်အချင်းကို မကိုးစားဘဲ၊ ခရစ်တော်ကိုသာ...

  • ယောရှုမှတ်စာ ၄

    ၄:၁–၂၄ ဣသရေလလူမျိုး တစ်ဆယ့်နှစ်မျိုးအားတစ်မျိုးလျှင်ယော်ဒန်မြစ်မှ ကျောက်တုံးတစ်တုံး ယူဆောင်၍ အနောက်ဘက်ကမ်းတွင် အမှတ်တရကျောက်တိုင်စိုက်ထူဖို့ ဘုရားသခင် မိန့်မှာသည်။ အမိန့်တော်အတိုင်း ဂိဘာရာလုတ်အရပ်၌ မော်ကွန်းကျောက်တိုင်ထူထားကြသည်။ ရုဗင်၊ ဂဒ်နှင့်မနာရှေလူတစ်ဝက်တို့သည် ယော်ဒန်အရှေ့ဘက်ကမ်းတွင် ဝေစုရ၍ နေထိုင်ကြသည်။ ထိုလူများသည် ယော်ဒန်ဖြစ်အရှေ့ဘက်ကမ်းကိုလည်း စစ်ကူတိုက်ပေးခဲ့ကြသည်။ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် အခြေချသူများသည် လူဦးရေစုစုပေါင်း တစ်သိန်းခန့်(တော၂၆ကိုကြည့်) ရှိသည်။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းသို့ ကူးမြောက်သော လူဦးရေသည် လေးသိန်းခန့်ရှိသည်။ အရှေ့ဘက်ကမ်းရှိ...

  • ယောရှုမှတ်စာ ၅

    ၅:၁ ဟေဗြဲလူများယော်ဒန်မြစ်အနောက်ဘက်ကမ်းသို့ ကူးမြောက်လာကြသောအခါ ဒေသခံခါနန်ပြည်သားများသည် အငိုက်မိသွား၍ ဘွားကနဲတွေ့ရှိသောကြောင့် မျက်လုံးမျက်ဆန်ပြူး၍ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သွားကြသည်။ (ဃ) ဂိဘာရာလုတ်အရပ်၌ အရေဖျားလှီးခြင်း (၅:၂–၁၂)           ၅:၂–၉ ဂီဘာရာလုတ် အရပ်သည် ဣသရေလလူတို့ ခါနန်မြေပေါ်တွင် ပထမဦးဆုံး စခန်းချသောနေရာဖြစ်သည်။ ထိုအရပ်တွင် ယောက်ျားသားများ အရေဖျားလှီးကြရသည် (ငယ်၂-၉)။ ခါနန်မြေပေါ်တွင် ပထမဦးဆုံးပသခါပွဲခံကြသည် (ငယ်၁၀)။ မန္နမုန့်ခွဲတမ်းရပ်စဲသွားသည်(ငယ်၁၁၊၁၂)။ ဣသရေလတို့စစ်သူကြီး...