Tag: ရာဇဝင်ချုပ်ဒုတိယစောင်

  • ရာဇဝင်ချုပ်ဒုတိယစောင် ၃၃

    (ဎ) မနောရှေမင်း (၃၃:၁–၂၀) ၃၃:၁–၁၁ ဖခင်ဟေဇကိဘုရင် ဘုရားတရားကိုင်းရှိုင်းသလောက် မနာရှေမင်းသည် ယုဒပြည်တွင် အပြစ်ဒုစရိုက်ပေါင်းစုံဖြင့် သောင်းကျန်းမင်းမှုသည်။ သို့သော် ယုဒမင်းများတွင် နန်းစံသက်တမ်းအရှည်ဆုံးဖြစ်၍ နှစ်ပေါင်း(၅၅)နှစ်ချယ်လှယ်ခဲ့သည်။ မနာရှေပြုသောအပြစ်ဒုစရိုက်များကို ရေတွက်ပြလျှင် ပြောမဆုံးပေါင်တောသုံးတောင်များပြားသည်။ ဘုရားသခင်၏ မြို့တော်နှင့် ဗိမာန်တော်ကို ရုပ်တုဆင်းတု ဘုရားသဖြင့် ညစ်နွမ်းယုတ်ပတ်စေသည်။ ဟိန္နုံချိုင့်ဝှမ်းရှိ မောလတ်ဘုရားရှေ့တွင် မိမိတို့သားများအား မီးရှို့ပူဇော်စေ သည် (၄ရာ ၂၁:၁၆)။...

  • ရာဇဝင်ချုပ်ဒုတိယစောင် ၃၄

    (တ) ယောခတ်မင်း (အခန်း၃၄၊၃၅)   ၃၄:၁–၇ မနာရှေမင်းဖယ်ရှားခဲ့သော ရုပ်တုဘုရားတုများ (၃၃:၁၅)ကို အာမုန်မင်းက ပြန်လည်တည်ဆောက်သည်။ အသက်(၈)နှစ်အရွယ်တွင် နန်းစံသော ယောခတ်မင်းသည် ဘိုးဘေဒါဝိဒ်မင်းကဲ့သို့ ဘုရားသခင်၏ မျက်နှာတော်ရှာသူဖြစ်သည်။ နန်းစံပြီး(၄)နှစ်အကြာတွင် တိုင်းပြည်တခွင်ပြုပြင်တည်ဆောက်ခြင်းစသည်။ အာမုန်မင်းပြန်တည်ထားသော ရုပ်တုဘုရားတုများကို အကုန်လုံးချေမှုန်းဖျက်ဆီးသည်။ အချို့ကို အမှုန့်ကြိတ်ပြာချ၍ အချို့ကို အမြစ်မှ တူးဖော်မောက်လှန် ရေမျှော်ပစ်သည်။ရှေ့ကပြသသွားသောမင်းဆိုးမင်းယုတ်တို့၏ အကျင့်ကို သင်ခန်းစာယူသည်။ သူ၏ ပြုပြင်တည်ဆောက်မှုများသည်...

  • ရာဇဝင်ချုပ်ဒုတိယစောင် ၃၅

     ၃၅:၁–၆ ဟေဇကိမင်းရှေ့က ပြသသွားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများကို ကိုယ်စီ တာဝန်ကျေပွန်ရန် ခန့်အပ်ကြပ်မတ်သည်။ ဗိမာန်တော်ရှိ ပဋိညာဉ်သေတ္တာတော်ကို သန့်ရှင်းစင်ကြယ်စေသည်။ ယဇ်ပုရောဟိတ်များသည်လည်း စည်းလုံးညီညွတ်စွာ ကိုယ်စီတာဝန် ထမ်းဆောင်ကြသည်။ ပသခါပွဲတော်ကျင်းပဖို့ ပြင်ဆင်ကြသည်။ ပဋိညာဉ်သေတ္တာအား ဗိမာန်တော်မှ ရွှေ့၍ပြန်သွင်းခြင်းသည် မေးစရာမေးခွန်းကြီး ဖြစ်ပါသည်။ ညစ်နွမ်းခြင်းမရှိအောင် ယဇ်ပုရောဟိတ်မင်းများက ပုခုံးထမ်း၍ တနေရာမှ တနေရာသို့ ဒေသစာရီလှည့်လည်ပေးခြင်း ဖြစ်နိုင်သည်။ သို့မဟုတ်...