ရာဇဝင်ချုပ်ပထမစောင် နိဒါန်း
နိဒါန်း “ရာဇဝင်ချုပ်သည် အခြားအကြောင်းအရာများနှင့်မတူဘဲ သီးသန့်ခိုင်ခံ့ပြီး ကျက်သရေလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော်ဖြစ်ခြင်း၊ ပျက်ခြင်းသင်္ခါရတရား အလယ်မှာ မပျက်စီးနိုင်သော ဘုရားသခင်၏ နိစ္စတရားတွေ့ရှိရသည်။ မျက်မှောက်ကာလတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။ ခရစ်ယာန်အသိုင်းအဝန်းထဲ၌ ပျက်စီးခြင်းခြစားခြင်းရှိလာသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်သည်မပျက်စီးနိုင်။ တရားတော်ရှာဖွေသူများသည် အမှုတော်၌ မွေ့လျော်သဖြင့် ဘဝငြိမ်သက်ချမ်းမြေ့ကြသည်။” William Kelly ၁။စံတော်မီဝိသေသလက္ခဏာ မူရင်းဟေဗြဲသမ္မာကျမ်းစာတွင် ရာဇဝင်ချုပ်သည် အကြီးမားဆုံးကျမ်းဖြစ်သည်။ ဟေဗြဲဘာသာ စကားအားဖြင့်...