Tag: ရုသဝတ္ထု

  • ရုသဝတ္ထု နိဒါန်း

    နိဒါန်း             ရုသဝတ္ထု စာအုပ်ငယ်သည် ”တရားသူကြီးမှတ်စု” ကျမ်းစာအုပ် နောက်ဆက်တွဲ ဖြစ်သည် ကျမ်းပိုဒ်ပေါင်း(၈၅)ခု သာရှိသော်လည်း နှင်းဆီပန်း ရုံတောဖြစ်သည်။ မွှေးရနံ့ပေါင်းစုံ သင်းပျံ့သည်။ ငွေကြယ်စင်များ ဝန်းရံထားသည်။ ယော်ဒန်မြစ်ကမ်းပါးရှိ ဣသရေလနှင့် မောဘပြည်များသို့ ခရီးသွားသူတိုင်း ထိုနှင်းဆီးပန်းရုံတောနှင့် ကြယ်စင်ခသော ညဉ့်ယံကို ပြန်လည်မြင်ယောင် ကြပေမည်။ တိုင်းရပ်ဌာနေ ကျဉ်းမြောင်း၍ အချိန်ကာလ တိုတောင်းသော်လည်း သမိုင်းခြေရာထင်နေဆဲ။...

  • ရုသဝတ္ထု ၁

    ၁။ မောဘပြည်တွင်နေထိုင်ခြင်း (၁:၁–၅) ၁:၁–၂ စာအုပ်ဖွင့်လျှင်ဖွင့်ခြင်း ယုဒအိမ်ထောင်မိသားစုတစုအကြောင်း တွေ့ရသည်။ ယုဒပြည်ရှိ မုန့်ဖိုအရပ်ဟု နာမည်ရသော ဗက်သလင်တွင် နေထိုင်ကြသော်လည်း ဆင်းရဲငတ်မွတ်ပြတ်လတ် ကြသဖြင့် ပင်လယ်သေ အရှေ့တောင်ဘက်ရှိ မောဘပြည်သို့ ပြောင်းရွှေ့အခြေချကြသည်။ မိဘများမှာ ဖခင် ဧလိမလက် (ဘုရားရှင်သည် ငါ့ဘုရင်)၊ မိခင် နောမိ (ဒေါ်ပြုံးချို) သားများနာမည်မှာ မဟာလုန် (ချူချာ) နှင့်...

  • ရုသဝတ္ထု ၂

    ၃။ ဗောဇလယ်ကွင်းမှ ရုသ (အခန်း ၂)           ၂:၁–၃ ပညတ်တရားအရ ဣသရေလလူများသည် မိမိလယ်မြေများကို ပြောင်သလင်းခါအောင် မရိတ်သိမ်းရ။ မရှိဆင်းရဲသားများ အာဂန္တုဧည့်သည်များအတွက် အကြွင်းအကျန်ချန်ထားရသည် (ဝတ် ၁၉:၉၊ ၂၃:၂၂၊ တရား ၂၄:၁၉)။ ထိုပညတ်တရားအတိုင်း ရုသသည် ယောက္ခမ လုပ်ကျွေးဖို့ သူများလယ်တွင် ကောက်သင်းလိုက်ကောက်သည်။ ဘုရားသခင်အကြံအစည်တော်အတိုင်း ဗောဇလယ်ကွင်းသို့ ရောက်သွားသည်။ ထိုသူသည်...