Tag: ရောမသြဝါဒစာ

  • ရောမသြဝါဒစာ ၁၂

    ၃။ ဧဝံဂေလိတရား ရှင်သန်ဖို့တာဝန်ဝတ္တရား (အခန်း ၁၂–၁၆) ကျမ်းစာအစောပိုင်းတွင် မေးထားသောမေးခွန်းအဖြေဖြစ်သည်။ ကျေးဇူးတော်ခံစားသူများ သည်နေ့စဉ်အသက်တာတွင်ဖြောင့်မတ်အောင်မည်သို့ လုပ်ဆောင်ကြမည်နည်း။ ကျေးဇူးတော် ခံစားသူများ၏နေ့စဉ်အသက်တာတွင် ဖြောင့်မတ်ခြင်းရှိကြောင်း၊ အခြားယုံကြည်သူများသို့ အသက်တာ ပြသရမည်။ ရင်းနှီးစွာဆက်ဆံရမည်။ ရန်သူများကိုလည်းချစ်ခင်ရမည်။ နိုင်ငံတော် အစိုးရကို လေးစားရမည်။ အားနည်းချို့တဲ့သူများကိုဖေးမရမည်။ (က) တဦးချင်း၏ အထွဋ်အမြတ် (၁၂း၁–၂) ၁၂:၁ အခန်း၁မှအခန်း ၁၁ထိ၊ ဘုရားသခင်၏ကရုဏာတော်သက်ရောက်ပုံကို...

  • ရောမသြဝါဒစာ ၁၃

    (ဃ) အုပ်စိုးသူအစိုးရနှင့် ဆက်ဆံရေး (၁၃း၁–၇) ၁၃:၁ ယုံကြည်ခြင်းဖြင့်ဖြောင့်မတ်သောအသက်တာ ရှိသူများသည်လည်း လူ့အဖွဲ့အစည်း ဆိုင်ရာ အုပ်စိုးသူမင်းများနှင့် ဆက်ဆံရေးမကင်းလွတ်ရပါ။ အုပ်စိုးသူမင်းသည် လူတိုင်းနှင့် ပတ်သက်သော်လည်း ဤနေရာတွင် ယုံကြည်သူများအားအထူးတလည် သွန်သင်ခြင်းဖြစ်သည်။ ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးကာလနောက်ပိုင်းတွင် ဘုရားသခင်သည်အုပ်စိုးသူမင်း စီရင် ခန့်အပ်တော်မူသည်။ ”အကြင်သူသည်လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်” (က၉:၆)ဟုဆို ထားပါသည်။ ထိုအမိန့်အာဏာသည် ပြစ်မှုကျူးလွန်သူများနှင့်...

  • ရောမသြဝါဒစာ ၁၄

    (စ) အခြားသူများနှင့် ဆက်ဆံခြင်း (၁၄:၁-၁၅:၁၃) ၁၄:၁ ရော၁၄:၁မှ ၁၅:၁၃သည် ဘုရားသခင်၏ လူများအတွက် ဆက်ဆံရေး၌ ဒုတိယအရေးကြီးဆုံးဖြစ်သည်။ ယုံကြည်သူများအကြား၌ မကြာခဏကြုံတွေ့ရသော ကတောက် ကဆပြဿနာများဖြစ်သည်။ ထိုအစဉ်မပြေမှုများသည် မလိုလားအပ်သော ဧရာမအသေးအဖွဲ့ ကိစ္စ ဖြစ်သည်။ အားနည်းချို့ယွင်းသော ခရစ်ယာန်သည် ဤမျှအရေးကြီးသော သင်ခန်းတာကို သတိထားမိ ချင်မှ ထားမိမည်။ ဤကျမ်းပိုဒ်သည် အစားအသောက်ရွေးခြင်းနှင့် စနေနေ့တွင်...