ရှင်မာကုခရစ်ဝင် ၁၂
(စ) ဆိုးညစ်သော စပျစ်ဥယျာဉ်မှူးပုံဥပမာ (၁၂:၁-၁၂) ၁၂:၁ သခင်ယေရှု၏ ယုဒခေါင်းဆောင်များအဖြေစကားမပေးခြင်းသည် အညံ့ခံခြင်းမဟုတ် ပါ။ ဘုရားသခင်၏ သားတော်ကို ငြင်းပယ်ကြသည့် အကြောင်း ပုံဥပမာဖြင့် ထောက်ပြထားသည်။ စပျစ်ခြံ ပိုင်ရှင်မှာ ကိုယ်တော်ဘုရား ကိုယ်တိုင်ဖြစ်သည်။ မျှော်စင်မှာ တပါးအမျိုးသားနှင့် ဣသရေလလူမျိုးအား သွေးခွဲစည်းခြားသော မောရှေ၏ ပညတ်တရားဖြစ်သည်။ စပျစ်ဥယျာဉ်မှူးများမှာ ဖာရိရှဲများ ကျမ်းတတ် ပုဂိ္ဂုလ်များနှင့် ဘာသာရေးခေါင်းဆောင်များဖြစ်သည်။...