Tag: ဟေရှာယအနာဂတ္တိကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၃၃

    ၅။ အဓမ္မအာရှိုရသားများသို့အမင်္ဂလာ(အခန်း၃၃) ၃၃:၁-၆ အာရှုရိပြည်၏လိမ်ညာလှည့်ဖျားခြင်း၊သူတပါးဖျက်ဆီးခြင်း၊ အကုသိုလ်များတဖန်ဝဋ်လည်လာသည်(ငယ်၁-၂)။ ထိုအခါဘုရားသခင်၏ လူများသည်ဆင်းရဲခြင်း၊ဘေးဒုက္ခမှလွတ်မြောက်ခြင်းကိုချီးမွမ်းကြသည်။  ဘုရားသခင်၏အရေးယူအပြစ်ပေးခြင်းသည်မိုးချုန်းသံကဲ့သို့သံလွန်မြည်ဟီး မည်။ ဣသရေလများဘေးရန်အန္တရာယ်စက်ကွင်းမှလွတ်မြောက်ပြီးနောက် ရန်သူများအပေါ်သို့အရေးယူခြင်းဖြစ်သည်။ ခရစ်တော်ဘုရားသည်သရဖူ ဆောင်းလျက်ဇိအုန်မြို့ကိုတရားသဖြင့်ဆုံးဖြတ်ခြင်း၊ဖြောင့်မတ်စွာစီရင်ခြင်း ပြုတော်မူမည်။ ဉာဏ်နှင့်ပညာကိုကယ်တင်ခြင်းဖြစ်ပေါ်ရာဖြစ်စေမည်။ ထာဝရ ဘုရားကြောက်ရွံ့ခြင်းဘဏ္ဍာရရှိစေမည်။ ၃၃:၇-၉ ဤကျမ်းပိုဒ်များသည်ဟေဇကိမင်းလက်ထက်တွင်သနာခရိပ်ထံ သို့ငြိမ်းချမ်းရေးသံတမန်စေလွှတ်၍ငွေဒင်္ဂါးသုံးရာ၊ရွှေဒင်္ဂါးသုံးဆယ်ဆက်သ ခြင်း(၄ရာ၁၈:၁၃-၁၆)အားပြန်လည်ရည်ညွှန်းသည်။ သို့သော်လည်းထိုသံတ မန်ရေးသည်မအောင်မြင်။ အာရှုရိမင်းသည်ယုဒပြည်တိုက်ခိုက်သိမ်းပိုက်ရန် စစ်ချီပြန်သည်။ ယုဒပြည်သည်ရည်မှန်းချက်သဲထဲရေသွန်ရာရောက်သဖြင့်ရှိုက်ကြီးတငင်  ငိုကြွေးကြသည်။ အာရှုရိသည်ကတိတည်သူမဟုတ်။ သစ္စာဖောက်ဖျက်၍ယုဒ ပြည်ကိုတိုက်ခိုက်ပြန်သည်။...

  • ဟေရှာယအနာဂတ္တိကျမ်း ၃၄

    ၆။ တိုင်းနိုင်ငံသားများသို့အမင်္ဂလာ(အခန်း၃၄) ၃၄:၁-၄ အခန်းကြီး(၃၄)တွင်ဘုရားသခင်ကတိုင်းနိုင်ငံတိုင်းအားစက် ဆုတ်ရွံရှာခြင်းအကြောင်းတွေ့ရသည်။ အထူးသဖြင့်ဧဒုံလူမျိုးဖြစ်၍နောက်မှ တိုင်းနိုင်ငံသားအားလုံးကိုပြစ်တင်သည်။ ဘုရားသခင်ကတပါးအမျိုးသား များကိုတရားစီရင်သောအခါမြေကြီးနှင့်ပါသမျှသောလောကဓာတ်တန်ဆာ အားလုံးကြားသိကြမည်။ ခပ်သိမ်းသောကောင်းကင်တန်ဆာများပြုတ်ကျ၍ အသေကောင်တို့၏အသွေးတော်များကိုအရည်ပျော်ဝင်သေမည်။ သင်္ဘော သဖန်းသီမြေပေါ်သို့ပြုတ်ကျသကဲ့သို့ကောင်းကင်ပေါ်ရှိအရာများပြုတ်ကျကြ မည်။ ၃၄:၅-၇ ဘုရားသခင်၏ဓါးတော်“သွေးဆိပ်ပါသောဓါး”သည်ဧဒုံပြည် ပေါ်သို့ကျမည်။ လူအားလုံး(ဆိတ်၊သိုး၊သိုးကောင်ငယ်)များမကျန်၊နွားလားဥ ဿဖနွားကြီးနွားငယ်များအပေါ်သို့ကျရောက်မည်။ ၃၄:၈ ထိုနေ့ရက်သည်ထာဝရဘုရားသခင်ကဒဏ်ပေးရာနေ့ရက်ဖြစ် သည်။ ဒဏ်ပေးရာနေ့ရက်ဟူသောစကားရပ်သည်အရေးကြီးသည်။ လူများကအချင်းချင်းဒဏ်ပေးခြင်းမျိုးမဟုတ်။ ဘုရားသခင်ကမတရားသူများတရားတော် နှင့်အညီအသက်မရှင်သူများပြစ်ဒဏ်စီရင်ခြင်းအမိန့်ချမှတ်သည့်နေ့ရက်ဖြစ် သည်။ (Daily Notes...

  • ဟေရှာယအနာဂတ္တိကျမ်း ၃၅

    ၇။ ပေါ်ထွန်းလာမည့်နိုင်ငံတော်၏ဘုန်းတန်ခိုး(အခန်း၃၅) ၃၅:၁-၇ ပုန်ကန်ခြားနားသောတိုင်းနိုင်ငံသားများဖျက်ဆီးပစ်ပြီးသောအ ခါကယ်တင်ရှင်သခင်ယေရှုခရစ်တော်၏နိုင်ငံတော်သစ်ပင်ပေါ်ထွန်းလာမည်။  ထိုနေ့ရက်ကာလတွင်ဘုရားသခင်ကိုယ်တော်တိုင်ဘုန်းတန်ခိုးအပြည့်အစုံဖြင့်ယုံ ကြည်သူများနှင့်အတူတကွစိုးစံသဖြင့်ကမ္ဘာမြေထဲမှပဒေသာပင်ထွက်မည်။  သန့်ရှင်းသူများမျက်နှာသာရကောင်းစားရာဖြစ်သည်။ သုံစားမရ၊အရည်အ ချင်းမမှီသောဆိုးညစ်ခြင်းများအားလုံးဖယ်ရှားမည်။ ထွန်ယက်စိုက်ပျိုးမရ သောကန္တာရမြေသည်လည်းမြေဆီလွှာပြည့်ဝလျှက်ပျော်ရွှင်ဖွယ်ရာဖြစ်သွား မည်။ ၃၅:၈-၁၀ မိုင်ပေါင်းရာချီရှည်လျားသောကန္တာရခရီးကြမ်းသည်ဖြောင့် မတ်စင်ကြယ်သောအဝေးပြေးလမ်းမကြီးဖြစ်သွားမည်။ ဘုရားသခင်ရွေးနှုတ် ထားသူများထိုလမ်းပေါ်တွင်လျှောက်လမ်းကြမည်။ ကမ္ဘာအနှံ့အပြားသို့ပြန့်ကြဲ သွားသောဣသရေလများပြန်လည်စုစည်းလာကြပြီးပျော်ရွှင်ခြင်းအောင်ပွဲခံ ကြမည်။ ယုံကြည်ထားသူများသည်ခမည်းတော်ဘုရား၏အိမ်တော်တွင်ယေရှု သခင်နှင့်အတူစိုးစံကြမည်။ အချို့ကျမ်းမူများတွင်ဤသင်ခန်းစာကို“အသင်းတော်၏ကောင်းကြီးမင်္ဂလာ” “ဣသရေလတို့အမင်္ဂလာ”ဟုခေါင်းစဉ်တပ်ကြသည်။ ဤကျမ်းပိုဒ် ၏အဓိကပစ်မှတ်ပရိသတ်သည်ဣသရေလလူမျိုးဖြစ်သည်။ ကောင်းကြီးမင်္ဂ လာလား၊ကျိန်ခြင်းအမင်္ဂလာလား၊အသင်းတော်အကြောင်းသည်နောက်ပိုင်းမှ လိုက်လာမည်။...