အာမုတ်အနာဂတ္တိကျမ်း ၃
၂။ ဣသရေလတို့အပြစ်နှင့် တရားစီရင်ခြင်း (အခန်း ၃–၆) (က) နာခံရန်ပထမအကြိမ်ဆင့်ခေါ်ခြင်း (အခန်း၃) ၃:၁–၂ ဣသရေလအမျိုးသားများ ကြောက်မက်ဖွယ်ရာတရားစီရင်ခြင်း ခံရမည့်အကြောင်း သတိပေးထားသည်။ ဣသရေလလူမျိုးသည် ယေဟောဝါ ဘုရားနှင့် အနီးဆုံးလူမျိုးတော် ဖြစ်သော်လည်း သူတို့အပြစ်ဒုစရိုက်များသည် ထိုနီးစပ်ခြင်းထက် ပိုများနေသည်။ ထို့ထက်ခံစားရမည့်ပြစ်ဒဏ်က ပိုများသည်။ အပြစ်ရှိသမျှကို စစ်ကြော၍ တရားစီရင်မည်။ ၃:၃–၈ ထိုတရားစီရင်ခြင်းသည်...