Tag: ဧဇရမှတ်စာ

  • ဧဇရမှတ်စာ နိဒါန်း

    နိဒါန်း “ဧဇရမှတ်စာသည် မိတ်ဆက်ပေးစရာ မလိုအပ်လောက်အောင် ရိုးစင်းသည်။ အထိန်အဝှက်သွယ်ဝိုက်ခြင်း မရှိဘဲ၊ ပွင့်လင်းစွာ ရေးသားထားသော အရေးကြီးဆုံး ယုဒသမိုင်းစဉ်တခုဖြစ်သည်။ ဘုရားသခင်၏ လူဣသရေလူများ ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရရာမှ ပြန်လာခြင်းဖြစ်သည်။ တည့်တိုးရေးသားထားသောကြောင့် စာနည်းသည်။ ကျမ်းရေးသူက မိမိဘဝ အတွေ့အကြုံနှင့် ယှဉ်ရေးထားသဖြင့် ဘဝသင်ခန်းစာ များစွာရရှိနိုင်ပါသည်။” George Rawlinson ၁။စံတော်မီဝိသေသလက္ခဏာ ဟေဗြဲကျမ်းမူတွင် ဧဇရိမှတ်စာနှင့် နေဟမိမှတ်စာသည်...

  • ဧဇရမှတ်စာ ၁

    ၁။ ယေရုရှလင်မြို့ ယေရုဗာဗေလလက်အောက်သို့ ပြည်တော်ပြန်ဝင်ကြခြင်း (အခန်း ၁–၆) (က) ကုရုမင်းအမိန့်  (၁:၁–၄)  ၁:၁–၄ ပထမပိုင်း အခန်းငယ် (၃)ခုသည် ရာဇဝင်ချုပ်ကျမ်းစာတို့၏ အဆက်ဖြစ်သည်။ ယုဒလူများအား ပြည်တော်သို့ ပြန်ဝင်၍ ဗိမာန်တော်ပြန်လည် တည်ဆောက်စေရန် ဘုရားသခင်က ကုရုမင်းကို အသုံးပြုသည်။ ထို့အပြင် ယုဒပြည်အိမ်နီးနားချင်းများကိုလည်း ပါဝင်ကူညီကြရန် မိန့်ဆိုထားသည်။မမွေးဖွားမီ နှစ်ပေါင်းများစွာကပင်ကုရုမင်းအားဘုရားသခင်က ရှေးမဆွကပင် ကြိုတင်ခွဲခန့်စီစဉ်ထားပြီးဖြစ်သည်...

  • ဧဇရမှတ်စာ ၂

    (ဂ) ပြည်တော်ပြန်ဝင်သူများစာရင်း (အခန်း၂) ၂:၁–၅၈ ဤ ကျမ်းပိုဒ်တွင် ယေရုဗာဗေလ လက်အောက်ရှိ ဗာဗုလုန်ပြည်မှ ပြည်တော်ပြန် ဝင်လာသူများစာရင်း ရေးထားသည်။ အချို့ကို မိဘ၊ ဘိုးဘွားမျိုးရိုးအလိုက်ဖော်ပြ၍ (ငယ် ၃-၁၉)အချို့ကို မွေးရပ်မြေ ဒေသအလိုက် ဖော်ပြသည် (ငယ် ၂၀-၃၅)။ ယဇ်ပုရောဟိတ်များစာရင်းကို (ငယ် ၃၆-၃၉)၊ လေဝိအမျိုးစာရင်းကို (ငယ် ၄၀–၄၂)၊ ဘုရားကျွန် (သို့)...