ကမ္ဘာဦးကျမ်း ၂၇
(ဂ) ယာကုပ် (၂၇:၁–၃၆:၄၃) ၁။ ဧသောကို လိမ်ညာခြင်း (အခန်း ၂၇) ၂၇:၁–၂၂ အထက်ပါကျမ်းပိုဒ်က အဖြစ်အပျက်ပြီးနောက် နှစ်ပေါင်း(၃၇)နှစ်ခန့် ကြာညောင်းလာပြီ။ ဣဇာက်သည် အသက်(၁၃၇)နှစ် ရှိလေပြီ။ ဘဝနေဝင်ရီတရော အချိန်ရောက်လုပြီး သူ့အစ်ကို ဣရှမေလ သည်လည်း ထိုအသက်အရွယ်တွင် (က ၂၅:၁၇) ကွယ်လွန်သဖြင့် သူသည်လည်း သေမည့်ရက်ကို လက်ချိုးရေ စောင့်နေသည်။...