ကမ္ဘာဦးကျမ်း ၂၁
၈။ ကတိတော်နှင့်ဆိုင်သောသားဣဇာက် (အခန်း ၂၁) ၂၁:၁–၁၀ အာဗြဟံနှင့်စာရာတို့သည် ကတိတော်ပြုထားသည့်အတိုင်း သားရတနာ ဖွားမြင်ကြသော အခါ ဣဇာက်(ရယ်မောသူ) ဟု ကင်ပွန်းတတ်ကြသည် (၁၇:၁၉-၂၁)။ ထိုသို့သားရတနာ ထွန်းကားကြသောအခါ မိဘနှစ်ပါးသည် ဝမ်းသာရွှင်လန်းကြ သကဲ့သို့ မင်္ဂလာသတင်းစကားကြားသော ဆွေမျိုးများသည်လည်း ဝမ်းမြောက်ကြသည်။ ဣဇာက်သည် အသက်(၂)နှစ်မှ (၅)နှစ်ကြားတိုင်အောင် နို့စို့သည်။ ထိုအချိန်တွင် ဣရှမေလသည် အသက်(၁၃)နှစ်မှ (၁၇)နှစ်အကြားရှိနေပြီ။...