ကောလောသဲဩဝါဒစာ နိဒါန်း
“ကောလောသဲသို့ မိမိကိုယ်တိုင်ရောက်ရှိသွားသကဲ့သို့ ဈာန်ဝင်၍ အလင်းနှင့် ဝိညာဉ်တန်ခိုးပြည့်ဝသည့်အပြင် အချိန်နှင့် နိစ္စထာဝရကာလ၏ ကြွယ်ဝခြင်း အသက်တာရရှိလိမ့်မည်။“ R.C.H.Lenski ၁။ စံတော်မီဝိသေသလက္ခဏာ ရှင်ပေါလုရေးသားသော ဩဝါဒစာများသည် ကြီးကျယ်၍ အရေးကြီးသောမြို့များသို့ ပေးပို့သည်။ ရောမ၊ ကောရိန္သု၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲအသင်းတော်များသည် ထိုဩဝါဒစာများကြောင့် ပိုမိုကြီးထွား ရင့်သန်လာကြသည်။ ဖော်ပြပါအသင်းတော်များသည် ထိုအချိန်ကာလ၌ ရှိခဲ့ကြသော်လည်း ကနဦးအသင်းတော်သမိုင်းတွင်...