ဆာလံကျမ်း နိဒါန်း
ဆာလံသီချင်း မိတ်ဆက် ဤဆာလံသီချင်း၏ အစိတ်အပိုင်းတိုင်းတွင် သိစိတ်အာရုံပါရှိသည့် ကြေးမုံမှန်ပြင်ကဲ့သို့ ကျမ်းချက်တိုင်းက သိစိတ်အာရုံရောင်ပြန်ဟပ်သည်။ ဝမ်းနည်းမှု ဘေးဒုက္ခ သောကဗာပါဒ သံသယ မျှော်လင့်ချက် ဝေဒနာများ ရောပြွမ်းနေသည်။ လူ့ဘဝခရီး၌ အမှန်တကယ်တွေ့ကြုံဖြတ်သန်းရသည့် အဝမုန်တိုင်းဖြစ်သည်။ ၁။စံတော်မီဝိသေသလက္ခဏာ ကွန်းကလေးထဲမှာတယောက်တည်း တသက်လုံးနေရမည်ဆိုမည့်သည့်းကျမ်းစာအုပ်ရွှေးချယ်ယူရမည်ဆိုလည်း ဆာလံကျမ်းကို ရွေးချယ်မိမှာသေချာသည်။ အကြောင်းအရာမျိုးစုံသည်။ဘဝအတွေ့အကြုံနှံစပ်သည်။ ဝတ်ပြုကိုးကွယ်ပုံများသည် အသိတရားကြွယ်ဝသည်။ချီးမွမ်းခြင်းနှင့်ကိုးကွယ်ခြင်းကိုသာအားပေးသည်။ ကျမ်းအဖွင့်တွင် ဆာလံသီချင်းကို ဘဝတသက်တာ ကျမ်းအဖြစ်ရွေးချယ်ခဲ့အကြောင်းကို...