ဆာလံကျမ်း ၁၁၄
ကိုယ်တော်သီတင်းသုံးရာတန်ခိုးပါဘိ ၁၁၄:၁ ဣသရေလလူများအား အဲဂုတ္တုပြည်မှခေါ်ထုတ်ခြင်း၊ ကန္တာရတောအတွေ့အကြုံနှင့် ကတိတော်မြေသို့ ခြေချခြင်းသည် ဇာတ်လမ်းအစမှအဆုံးတိုင်အောင် ဘုရားသခင်စီရင်သော ဇတ်ညွှန်း ဖြစ်သည်။ ယုဒလူများ၏ အတွေးအမြင်သည် ကြုံစဘူးမြင်ဘူးမှ ယုံစရာ ဘုရားရှင်၏အံ့သြဘွယ်ရာ မဟာ ဇတ်လမ်းဖြစ်သည်။ ဣသရေလများသည် အဲဂုတ္တုပြည်၌ သမိုင်းကြောင်းကြာရှည်ခဲ့ကြသည်။ ခေါင်းပုံဖြတ်နှိပ်ကွပ်မှု အမျိုးမျိုးခံခဲ့ကြသည်။ မည်မျှဆင်းရဲဒုက္ခရောက်ကြောင်း မည်သို့တိုင်းတာနိုင်သနည်း။ သူတပါးခြိမ်းခြောက်မှု ကျိန်ဆဲမှု တံထွေးပင်လယ်တွင် မျှောပါခဲ့ကြသည်။ ၁၁၄:၂...