ဆာလံကျမ်း ၉
ဆာ၉၊ ဝဋ်လည်ရာရက် ခါလဒဲတို့၏ ကျမ်းအတိုင်းဆိုလျှင် ဒါဝိဒ်ကဂေါလျက်အပေါ် အောင်ပွဲခံ အခမ်းအနားဖြစ်ပေမည်။သို့သော် ဒါဝိဒ်အမြင်တွင် ထိုသို့မဟုတ်ပါ။ ရန်သူများအပေါ်သို့ ဘုရားပေးအောင်ပွဲခြိမ့်ခြိမ့်သဲကျင်းပခြင်းဖြစ်သည်။ ဤဆာလံကျမ်းကို ဟေဗြဲဗျည်းပထမပိုင်းအားအစဉ်အလိုက်အခြေတည်တေးဖွဲ့ထားသည်။ ၉း၁-၂ ဣသရေလအဆိုတော်များက ဘုရားပေးအံ့ဘွယ် အမှုတော်များကို ကျူးရင့်ထားသည်။ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ရွေးနှုတ်ခြင်းများကိုအထူးတလည်ယိုးမယ်ဖွဲ့ မနေ။ ဣသရေလအမျိုးသား၏ ရန်သူများပေါ်သို့ အောင်ခြင်းအစွမ်းသတ္တိပေးထားပုံကို ရေးဖွဲ့ကြသည်။ ဒါဝိဒ်က သူ့အစွမ်းအစ၊ အရည်အချင်းတခုမှမပါ၊ ဘုရားသခင်၏ ဘုန်းတန်ခိုးသက်သက်ဖြင့်...