Tag: ဆာလံကျမ်း

  • ဆာလံကျမ်း ၁၂၆

    ငြိမ်သက်ချမ်းမြေ့ပါစေ၊ ငြိမ်သက်ချမ်းမြေ့ပါစေ ဆာ ၁၂၆၊ မျက်ရည်ဖြင့်ကြဲ၍ ပျော်ရွှင်စွာရိတ်သိမ်းခြင်း ၁၂၆:၁ ကြေညာချက်ထုတ်ပြန်သောအခါ ပြည်ပရောက်ယုဒလူများသည် လျှပ်စစ်မီးဖွင့်လိုက်သကဲ့ သို့အသိစိတ်ဓါတ်လင်းကြသည်။ လငပုတ်ဖမ်းရာမှ လွတ်လာသောလသို့နှယ် မျက်နှာဝင်းလက်သွားကြသည်။ ဖမ်းဆီးခေါ်ဆောင်လာသောကျေးကျွန်များအား ပါရှန်ဘုရင်ကုပရုမင်းက မိမိတို့နေရပ်ဌာနသို့ ပြန်ခွင့်ပြု လိုက်သည်။ ဟုတ်မှဟုတ်ပါလေ အိပ်မက်များလားဟုထင်မှတ်ပြုကြသည်။ နှစ်ပေါင်းကြာရှည်ကျွန်ခံကြသည် ဖြစ်၍ ယေရုရှလင်ကို ဘ၀တသက်ပြန်မြင်ရတော့မည်လားဟု အားငယ်ခဲ့ကြသည်။ ယခုမျှော်လင့်နေကြသည့် သတင်းကောင်းကြားသိကြရပြီ။ မရှိမဲ့ရှိမဲ့ ပစ္စည်းများစုဆောင်းနေကြပြီ။...

  • ဆာလံကျမ်း ၁၂၇

    ၁၂၇:၁ နေအိမ်ကို ဆောက်လုပ်ရန်နည်းလမ်း (၂)သုတ်ပြဆိုထားပါသည်။ ပထမအချက်မှာ မိမိအသိ တရားကို အခြေခံလျှက်၊ ကျွမ်းကျင်မှု၊ ဘဏ္ဍာရေးငွေကြေးများတွက်ချက်ပြီးမှ ဘုရားသခင်ထံသို့ ဆက်ကပ် ခြင်းဖြစ်သည်။ နောက်တနည်းမှာ ဘုရားသခင်ထံမှ လမ်းညွှန်ချက်ဦးစွာ နာခံခြင်းဖြစ်သည်။ မမှားနိုင်သော ကိုယ်တော်၏လမ်းညွှန်ချက်အတိုင်း ဆောက်လုပ်ရသည်။ ပထမနည်းလမ်းတွင် ထိုအိမ်ယာဆောက်လုပ်ရေး စီမံကိန်းသည် အသွေးအသားထက်ပိုမိုတိုးတက်လာခြင်းမရှိ။ ဒုတိယနည်းလမ်းမူကား ဘုရားရှင်၏မျက်စိ အောက်မှာ လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အံ့သြဘွယ်ရာ အသစ်အဆန်းများ...

  • ဆာလံကျမ်း ၁၂၈

    ၁၂၈:၁ ပျော်ရွင်ခြင်းအစ၍ အစစ်အမှန်ပိုင်ဆိုင်သောယုံကြည်သူသည် ရှုထောင့်အဘက်ဘက်၌ ဘုရားရှင်ကိုသိကျွမ်းသည်။ စကားတော်ကိုနာခံ၍ လက်တွေ့ဘဝတွင် ကျင့်သုံးသည်။ ထိုကဲ့သို့သောသူသည် မောရှေကျမ်းကာလတွင် လောကဥစ္စာရတနာလက်ဆောင်ကြွယ်၀သည်။ ၁၂၈:၂ သက်ဇိုးရှည်ခြင်း။ လူ့သက်တမ်းစေ့နေသည်။ သူလုပ်ကိုင်ရှာဖွေသမျှကို ကိုယ်တိုင်ပြန်လည်ခံ စားသည်။ ပျော်ရွှင်ခြင်း ဘုရားသခင်၏မျက်နှာသာပေးခြင်း ခံရသောကြောင့် ဆင်းရဲဒုက္ခလူမှုပြဿနာများမှ လွတ်ကင်းသည်။ စိတ်ချမ်းသာစွာ လှုပ်ရှားသွားလာလုပ်ကိုင်သည်။ စည်းစိမ်ဥစ္စာ။ သမ္မာအာဇီဝလုပ်ဆောင်သဖြင့် တည်မြဲသည်။ မမျှော်လင့်သော သဘာဝဘေးဒဏ် ရန်သူမျိုးငါးပါးဒဏ်တို့မှ...