Tag: ဆာလံကျမ်း

  • ဆာလံကျမ်း ၁၄၁

    ဆာ ၁၄၁၊ ဆုတောင်ခြင်းနံ့သာမွှေးတိုင် ၁၄၁:၁ ဆာလံဆရာဒါဝိဒ်သည် သူ့အတွက်သာမက တိုင်းသူပြည်သား လူအများတွက်လည်း ဆုတောင်းသည်။ ကောင်းကင်သို့မော့၍ ဆုတောင်းသည်။ ဆုတောင်းသံများကို မနှေးအမြန် အရေးယူဆောင် ရွက်ပေးပါဟု ဆိုသည်။ ၁၄၁:၂ ဤကျမ်းချက် ကျက်သရေမင်္ဂလာနှင့်အထူးပြည့်စုံသည်။ ဆုတောင်းသံသည်ဘုရားသခင်ထံ တော်သို့ နံ့သာဆီမွှေးပူဇော်သည့်နှယ် သင်းပျံ့သည်။ နံနက်ယံနှင့် ညနေခင်းတိုင်းတွင် လက်စုံမိုးလျှက်ရှိခိုးဦး တင်ကန်တော့လေ့ရှိသည်။ ၁၄၁:၃–၄ ယေဘုယျတောင်းရာမှ ဆုတောင်းသည့်အချက်အလက်...

  • ဆာလံကျမ်း ၁၄၂

    ဆာ ၁၄၂ ဘယ်သူကမှ ဂရုမစိုက် ရန်သူများက ထပ်ချပ်လိုက်လာကြပြီ။ မိတ်ဆွေများက စွန့်ခွာထွက်ပြေးကြပြီ။ ဒါဝိဒ်ကို အဘယ်မှာရှာ တွေ့နိုင်မည်လဲ။ ကောင်းကင်ကမြင့်၊ မြေကအပင်ပေါက်မရှိ။ ၁၄၂:၁–၂ တယောက်တည်း အထီးကျန်သော်လည်း ဒါဝိဒ်သည် တိုးတိုးလေးဆုမတောင်း။ ကျယ်လောင်စွာ အော်ဟစ်ဆုတောင်းသည်။ ဆုတောင်းလျှောက်လဲသံသည် ကောင်းကင်ဘဝဂ်ဝယ် ပဲ့တင်ထပ် မျှ မြည်ဟိန်း၏ ဘုရားသခင်ရှေ့တွင် ခံစားချက်များ ရင်ဖွင့်သည် မကျေနပ်၍ စောဒကတက်ခြင်းမဟုတ်။...

  • ဆာလံကျမ်း ၁၄၃

    ဆာ ၁၄၃၊ ဆုတောင်းခြင်းရောင်စဉ်ကြယ် ကျမ်းပိုဒ် (၁၂)ပိုဒ်ပါရှိသော ဤဆာလံကျမ်းတွင် အံ့သြဘွယ်ရာစုံလင်စွာ ဆုတောင်းရာအချက်များ တွေ့မြင်ရသည်။ လေ့လာကြည့်ကြပါစို့။ ၁၄၃:၁ ပရိသတ်များအတွက် အထွေထွေဆုတောင်း “ဆုတောင်းစကား နားထောင်တော်မူပါ“။ ဘုရားရှင်က ဆာလံဆရာ၏ဆုတောင်းသံ နားမထောင်သောကြောင့်မဟုတ်။ အလေးအနက်ထားစေလိုသည်။ ဒါဝိဒ်က သူဆုတောင်းစကားများကို သစ္စာတော်ရှိသည့်အတိုင်း ဖြေကြားစေချင်သည်။ ဖြောင့်မတ်တော်မူ သော ဘုရားရှင်ဖြစ်သည့်အတိုင်း ဆုတောင်းသံကို ကြားသိစေချင်သည်။ (အစေခံကျွန်လူယုံတော်ဖြစ်သည့် အတိုင်း...