ဆာလံကျမ်း ၁၅
ဆာ ၁၅၊ ဘုရားရှင်တော် ရွေးချယ်ရာလူ ၁၅း၁ – ဆာ ၁၅တွင် ဘုရားသခင်က လူတိုင်းအား အဖေါ်မိတ်သဟာအဖြစ် ရွေးချယ်ထားကြောင်းတွေ့ရသည်။ ထိုသို့ရွေးချယ်ကြောင်း ပွင့်လင်းစွာ မရေးသားသော်လည်း ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ဝင်ရောက်ဖို့ရန် အသစ်တဖန်မွေးဖွားရမည့်အကြောင်းအခြေခံအရည် အချင်းအဖြစ် ပြဒါန်းထားသည်။အသစ်တဖန်မွေးဖွားခြင်းမရှိသူသည် နိုင်ငံတော်ထဲသို့ဝင်ရောက်ခွင့်အလျဉ်းမရှိ။ ထိုအသစ်တဖန် မွေးဖွားခြင်းသည် ယုံကြည်ခြင်းရှိသူများ ကျေးဇူးတော်ဖြင့်ရရှိခြင်းဖြစ်သည်။ လူ့အစွမ်းအစဖြင့် ရရှိခြင်းမဟုတ်။ဆာလံဆရာက ကယ်တင်ခြင်းသည် လူ့ဖြောင့်မတ်ခြင်း၊ ကိုယ်ကျင့်တရား။...