တမန်တော်ဝတ္ထု ၂၁
၂၁:၁–၄(က) ရှင်ပေါလုနှင့် အပေါင်းအဖေါ်များသည် မိလက်မြို့ကို နှုတ်ဆက်ခဲ့ကြပြီးနောက် ကောသကျွန်းသို့ ရွှက်လွှင့်ရောက်ရှိကြပြီ။ ညအိပ်ရန်နားကြသည်။ နောက်တနေ့တွင် ရောဒုကျွန်းသို့ ခရီးဆက်ကြသည်။ ထိုမှတဆင့် အရှေ့ဘက်သို့လားသော် အာရှမိုင်းနား၏ တောင်ဘက်သင်္ဘောဆိပ်မြို့ဖြစ်သော ပါတရသို့ ရောက်သွားကြသည်။ ပါတရသို့ရောက်သော်၊ ဖိနတ်ပြည်သို့သွားမည့် သင်္ဘောကြုံသဖြင့် လိုက်ပါသွားကြသည်။ ရှုရိပြည်သို့သယ်ဆောင်မည့်ကုန်ပစ္စည်းများ တင်ချပြီးသောအခါ မြေထဲပင်လယ်ကို ဖြတ်သန်းလျက်ကုပရုအနားဖြတ်ကာတုရုမြို့သို့ ရောက်ရှိကြသည်။ ထိုမြို့တွင် ကုန်ပစ္စည်းဝန်စည်စလယ်များ တင်ချနေသောကြောင့်...