တရားသူကြီးမှတ်စာ ၁၅
၃။ ရှံဆုန်လက်တုံ့ပြန်ခြင်း (အခန်း ၁၅) ၁၅:၁–၆ ရှံဆုန်သည်သူများနှင့် ပေးစားခဲ့သော သူ့မိန်းမအား တဖန် လာရစ်ပြန်သည်။ ယောက္ခမက မောင်းထုတ်သောအခါ စိတ်ဆိုး၍ ကလဲ့စားပြန်ချေသည်။ မြေခွေးသုံးဆယ်ကို အတွဲလိုက်အမြီးစုချည်ပြီး မီးတုတ်ထည့်ချည်ကာ လယ်ကွင်းပြင်ထဲသို့ မောင်းထုတ်လိုက်သည်။ ထိုမြေခွေးများသည် လယ်ကွင်းပြင်ထဲသို့ ပြေးလွှားကြသောအခါ စပျစ်ခင်း၊ သံလွင်တောနှင့် စပါးပင်များ မီးလောင်ပျက်စီးကုန်သည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းသိရှိကြသောအခါ ဖိလိတ္တိလူကြီးများက...