Tag: တောလည်ရာကျမ်း

  • တောလည်ရာကျမ်း ၁၂

    (ဂ) အာရုန်နှင့် မိရိအံတို့ ပုန်ကန်ကြခြင်း (အခန်း ၁၂)        ၁၂:၁–၂ ဣသရေလသမိုင်းတွင် ဝမ်းနည်းဖွယ်ကောင်းသော အမျိုးသားခေါင်းဆောင်နှစ်ဦး အာရုန်နှင့် မိရိအံတို့၏ ဘုရားရှင်အား ပုန်ကန်ခြားနားခြင်းအကြောင်းဖြင့် စတင်သည်။ မောရှေ၏ ညီအကိုမောင်နှမများဖြစ်သော်လည်း မောရှေက အဲသရောပိအမျိုးသမီးလက်ထပ်ခြင်းနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကြသည်။ ထိုအချက်သည် ရမယ်ရှာဖို့အကြောင်းပြချက်ဖြစ်သည်။ အတွင်းစိတ်ထဲမှာမူ မောရှေ၏ ခေါင်းဆောင်မှုကို မနာလိုကြခြင်းဖြစ်သည်။ ထိုခေတ်ကာလက အဲသရောပိအမျိုးသမီးများကို...

  • တောလည်ရာကျမ်း ၁၃

    (ဃ) ကတိတော်မြေသို့ သူလျှိုစေလွှတ်ခြင်း (အခန်း ၁၃–၁၄)        ၁၃:၁–၂၀ လွှတ်လိုက်သော ရှေ့ပြေးသူလျှိုများသည် ဘုရားရှင်အမိန့်တော်အတိုင်းဖြစ်သည်။ တရား ၁:၁၉-၂၂ တွင် လူထုက စေလွှတ်သည်ဟုဆိုသည်။ လူများ၏ တောင်းဆိုချက်အရ ဘုရားသခင်က ခွင့်ပြုခြင်းဖြစ်သည်။ သူလျှို(၁၂)ယောက်၏ အမည်စာရင်းကို (အငယ် ၄-၁၅)တွင် မှတ်တမ်းတင်ထားသည်။ ဩရှ ( ငယ်၈ )တို့ကိုသီးသန့်မှတ်ထားပါ။ ကာလက်(ငယ် ၆)၊...

  • တောလည်ရာကျမ်း ၁၄

    ၁၄:၁–၁၀ ပရိသတ်သည် သူတို့ထင်မြင်ကြသည့်အတိုင်းမဟုတ်ကြောင်း ကြားသိကြသောအခါ မောရှေနှင့် အာရုန်အား ဆန့်ကျင်ဆန္ဒပြကြသည်။ အဲဂုတ္တုပြည်တွင် ကျွန်ခံခြင်းက ပိုမြတ်သေးသည်ဟု တမ်းတကြသည်။ အဲဂုတ္တုပြည်သို့ ပြန်ပို့ဖို့ ခေါင်းဆောင်သစ်ရှာချင်ကြသည်။ ထို့ကြောင့် ကတိတော်မြေသို့ ရောက်သောအခါ ထိုလူဟောင်းများကို ဘုရားရှင်က ဖျက်ဆီးပစ်သည် (ငယ် ၁-၃)။ ယောရှုနှင့် ကာလက်က တိုက်ခိုက်အောင်မြင်မည့်အကြောင်း တိုက်တွန်း ပြောဆိုကြသောအခါ ပရိသတ်ကြီးက ခဲဖြင့်ဝိုင်းပေါက်ဖို့ လုပ်ကြသည်...