ထွက်မြောက်ရာကျမ်း နိဒါန်း
နိဒါန်း “ဒေဝဗေဒရှုထောင့်ဖြင့် လေ့လာလျှင် အခန်းကြီး ၁-၁၅ တွင် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်ကို လုံးစေ့ပတ်စေ့တွေ့မြင်ကြမည်။ ဓမ္မဟောင်းကာလတွင် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်း အမြင်ဖြင့် လေ့လာလျှင် ဣသရေလတို့၏ အလေးနက်ဆုံးဖြစ်သော ပသခါပွဲတော်၏ သွင်ပြင်လက္ခဏာအနှစ်သာရကို တွေ့ရှိမည်။ ဘုရားသခင်၏ Torah ပညတ်တော်ကို နှောင်းဣသရေလတို့၏ ဘဝဒဿနနှလုံးသည်းပွတ်အဖြစ် သိမြင်လျှင် ဤကျမ်းသည် ပညတ်တော်ဆယ်ပါးပေါ် သက်ရောက်သည့် အရှိန်အဝါ အလင်တန်းများ...