ထွက်မြောက်ရာကျမ်း ၃
၃။ မောရှေအားခေါ်ယူခြင်း (အခန်း ၃၊၄) (က) ယေဟောဝါဘုရားကိုယ်ထင်ပြခြင်း (အခန်း ၃) ၃:၁–၄ ပေသရော၏ဆိတ်သိုးအုပ်များကို ထိန်းကျောင်းခြင်းဖြင့် မောရှေသည် ခေါင်းဆောင်မှု အတတ်ပညာများစွာ သင်ယူရရှိသည်။ ဟောရပ်(သိနာတောင်)တွင် သိုးများ ထိန်းကျောင်းနေစဉ် ဘုရားသခင်သည် မီးလောင်နေသောခြုံပုတ်ထဲမှ မောရှေအား ကိုယ်ထင်ပြသည်။ သို့သော် ထိုခြုံပုတ်သည် တကယ်တမ်းမီးလောင်ကျွမ်းခြင်းမရှိ၊ ခြုံပုတ်သည် ဘုရားသခင်၏ ဘုန်းတန်ခိုးထူးမြတ်ပုံကို ပုံဆောင်ခြင်း...