ထွက်မြောက်ရာကျမ်း ၁၃
၁၃:၁–၁၅ အဲဂုတ္တုပြည်တွင် ရှိနေကြစဉ် ဘုရားသခင်က ဣသရေလတို့၏ သားဦးများကို သေခြင်းမှ ကင်းလွတ်ခွင့်ပေးသောကြောင့် သားဦးများနှင့် ပထမဆုံးမွေးသောတိရစ္ဆာန်များကို ဘုရားသခင်က ပိုင်ဆိုင်သည်။ ထို့ကြောင့် လေဝိအမျိုးသားများအား ယဇ်ပုရောဟုတ်အရိုက်အရာ မအပ်နှင်းမချင်း သားဦးများသည်။ ယဇ်ပုရောဟိတ်အမှုတော်ဆောင်ကြရသည်။ ပထမဆုံးမွေးသည့်စင်ကြယ်သော သတ္တဝါများကို အခါမလွန်မီ ယဇ်ကောင်အဖြစ် ပူဇော်ပသကြရသည်။ မစင်ကြယ်သော တိရစ္ဆာန်မြည်းကဲ့သို့သော အကောင်များကိုမူ ယဇ်ပူဇော်ခြင်းမပြုရ။ ထို့ကြောင့် မြည်းဦးကို ယဇ်ပူဇော်စရာရှိလျှင်...