ထွက်မြောက်ရာကျမ်း ၂၅
၁၁။ တဲတော်နှင့်ယဇ်ပုရောဟိတ်အမှုတော် (အခန်း ၂၅–၄၀) လာမည့်အခန်းကြီး (၇)ခုတွင် တဲတော်တည်ဆောက်မည့်အကြောင်း၊ ယဇ်ပုရောဟိတ် ခန့်မည့်အကြောင်းနှင့် တဲတော်နှင့် ယဇ်ပုရောဟိတ် ဆက်နွယ်မှုအကြောင်းများ ရှင်းပြထားသည်။ သမ္မာကျမ်းစာအုပ်တွင် အခန်းကြီးပေါင်း (၅၀)၌ တဲတော်အကြောင်း ရှင်းပြထားရာ အရေးကြီးသော သင်ခန်းစာ ဖြစ်သည်ဟု ခံယူနားလည်ရသည်။ တဲတော်ဆိုသည်မှာ သူ့လူများအလယ်တွင် ဘုရားသခင် ကျိန်းဝပ်ဖို့ တည်ဆောက်ထားသော တဲပုံသဏ္ဍာန်အဆောက်အဦးဖြစ်သည်။ ထိုတဲတော်သည် ဝိညာဉ်ရေးရာသခင်ခန်းစာဖြစ်သည်။...