(ခ)နေရောင်ခြည်အောက်ကဉာဏ်ပညာ (အခန်း၈) ၈:၁ လူ၏အသိဉာဏ်ပညာသည်နိမ့်ကျသော်လည်းလူ့ပြဿနာကိုဖြေ ရှင်းနိုင်သည်။ အခြားသူများထက်ဉာဏ်ပညာရှိသည်ဟုရှောလမုန်ခံယူသည်။ လျှို့ဝှက်ထားသောဉာဏ်ပညာများကိုမည်သူရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသနည်း။ ဉာဏ်ပညာသည်မျက်နှာသာရစေသည်။ ပညာရဲရင့်ပွဲလယ်တင့်သည်ဟုဒေသနာဆရာကသတ္တိသွေးပေးထားသည်။ မျက်နှာရသည်။ အခြားပညာရှိသူများ၏မျက်နှာအားချိုသာစေသည်။ ၈:၂ ဘုရင်ရှေ့ တော်မှောက်တွင်မည်ကဲ့သို့ပြုမူရမည်ကိုဉာဏ်ပညာက သင်ပေးသည်။ဘုရားသခင်ရှေ့တွင်ဖြစ်စေ၊လောကမင်းများရှေ့တွင်ဖြစ်စေမျက်နှာရသည်။ ပထမဦးစွာနာခံခြင်းသည်အရေးကြီးဆုံးဖြစ်သည်။ ဟေဗြဲကျမ်းပိုဒ်ဒုတိယပိုင်းကိုဤသို့အမျိုးမျိုးအနက်ဖွင့်ကြသည်။ – ဘုရားသခင်ရှေ့၌ကျမ်းသစ္စာဆိုခြင်းဟုသဘောထားသည်။(KJV) – အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ရှေ့၌ကျမ်းသစ္စာဆိုခြင်းဖြစ်သည်။(NASB) – ဘုရားသခင်ရှေ့၌သစ္စာပြုခြင်းဖြစ်သည်။(NKJV) ဤကျမ်းပိုဒ်တွင်ပါရှိသောကျမ်းသစ္စာပြုခြင်းဆိုသည်မှာနိုင်ငံတော် အစိုးရထံသို့၎င်း၊ဘုရားသခင်ထံသို့၎င်းအမိန့်တော်များကိုနာခံမည့်အကြောင်းကတိပြုခြင်းဖြစ်သည်။ (ဥပမာဆာ-၈၉:၃၅ကိုကြည့်)။ ၈:၃ အပိုင်းငယ် ၃ သည်လည်းအဓိပ္ပာယ်မြှုပ်ထားပြန်သည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဒေသနာကျမ်း