ဓမ္မရာဇဝင်တတိယစောင် ၁၅
(ဃ) ယုဒဘုရင်အဘိယ (၁၅:၁–၈) ရောဗောင်၏သား အဘိယမင်းသည် ဘီစီ ၉၁၃-၉၁၀ ထိ ၃-နှစ်ကြာ ယုဒရှင်ဘုရင်အဖြစ် နန်းစံခဲ့သည် (၆ရာ၊ ၁၃:၁-၁၄:၁)။ ၁၅:၁ အပိုဒ်ငယ်-၁ သည် ဓမ္မရာဇဝင်ပါ နန်းစံသက်ကို ရေတွက်ခြင်းဖြစ်သည်။ နန်းစံကာလအား အခြားဘုရင်များ နန်းစံချိန်နှင့် နှိုင်းယှဉ်ရေတွက်ကြသည်။ ဣသရေလဘုရင် ယေရောဗောင်နန်းတက်ပြီး ၁၈–နှစ်ကြာမှ အဘိယသည် ယုဒရှင်ဘုရင်အဖြစ် ထီးနန်းရသည်။ အဘိယကို...