နာဟုံအနာဂတ္တိကျမ်း နိဒါန်း
“နာဟုံအနာဂတ္တိကျမ်းသည် အရေးအသားသပ်ရပ်သည်။ သွက်လက်သည်။ ဓမ္မဟောင်း၏ အကောင်းဆုံ: စာပေများအနက် ဂန္တဝင်မြောက်သော ကျမ်းစောင်ဖြစ်သည်။ C. H. H. Wright ၁။ စံတော်မီဝိသေသလက္ခဏာ ဤသေးငယ်သော နာဟုံအနာဂတ္တိကျမ်းကို တပါးအမျိုးသား(နိနေဝေ)တို့ တန်ခိုးကြီးထွား နေစဉ် ခေတ်ကာလ၌ ရေးသားခြင်းဖြစ်သော်လည်း အမျိုးသားရေးကျမ်းမဟုတ်။ ဘုရားလူမျိုးတော်အပေါ် ခုန်ကျော်ဝင်ရောက်လာသည့် စစ်မက်ရေးရာနှင့် တန်ခိုးအာဏာစနက်ဖိစီးမှု ငြင်းပယ်ခြင်း အကြောင်းဖြစ်၏။ အယူလွဲနောက်လိုက်၍ ဒုစရိုက်ပြုကြသောဘုရားလူ...