Tag: ယေဇကျေလအနာဂတ္တိကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၃

    ၄။ ဣသရေလတို့ပြန်လည်ထူထောင်ခြင်းနှင့် ရန်သူများကို နှိမ်နှင်းခြင်း (အခန်း ၃၃−၃၉) အခန်း ၃၃ မှစ၍ ဤကျမ်းစာအုပ်အဆုံးအထိ ဣသရေလလူမျိုးပြန်လည်ထူထောင်မည့်အကြောင်း၊ ဗိမာန်တော်ပြန်လည်တည်ဆောက်မည့်အကြောင်း ဟောပြောထား ခြင်းဖြစ်သည်။ (က) ပရောဖက်အားကင်းစောင့်သူအဖြစ် ခန့်အပ်ခြင်း (အခန်း ၃၃ ) ၃၃:၁−၉ ဤအခန်းတွင် ယေဇကျေလကို ကြည့်ရှု ကင်းစောင့်သူအဖြစ် ဖော်ပြသည်။ သူ့လူများအား ယုံကြည်ခြင်း သစွာရှိကြဖို့ သတိပေးသော်လည်း...

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၄

    (ခ) အငှါးသိုးထိန်းနှင့်သိုးထိန်းကောင်း (အခန်း ၃၄) ၃၄:၁−၆ သိုးထိန်းများ(အုပ်စိုးသူအစိုးရ)သည် သိုးများကို (ပြည်သူလူထု)၏ အရေးအရာကို အမှန်တကယ်စိတ်ဝင်စားလေဟန်နှင့် မိမိတို့ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုသူများ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်စွာ စီမံအုပ်ချုပ်ကြသဖြင့် သိုးများပြန့်ကြဲ ကွဲလွင့်ကြသည်။ ယနေ့ခေတ်ကာလတွင်လည်း ဘာသာရေးခေါင်းဆောင်များသည် သိုးများထိန်းကျောင်းကျွေးမွေးမည့် နည်းလမ်းကောင်းသင်ယူလိုစိတ်မရှိကြပါ။ အကျိုးအမြတ်ရရှိမည့်နည်းလမ်းကိုသာ ရှာကြံကြသည်။ သိုးများကို အလုပ်အကျွေးပြုလိုသော၊ သိုးအုပ်အတွက်နမူနာ ကောင်းပြသနိုင်သော သိုးထိန်းကောင်းရရှိဖို့ရန် ဘုရားသခင်ထံ အမြဲတန်းဆုတောင်း...

  • ယေဇကျေလအနာဂတ္တိကျမ်း ၃၅

    (ဂ) ဧဒုံပြည်၏ကံကြမ္မာ (အခန်း၃၅) ၃၅:၁−၇ စိရတောင်သည် ဧဒုံပြည်ကို ကိုယ်စားပြုသည်။ ယုဒလူမျိုးကို မုန်းတီးခြင်း၊ ယေရုရှလင်မြို့ကြီး ပျက်စီးခြင်းကို ဝမ်းမြောက်ဝမ်းသာလက်ခုပ်သြဘာပေးခြင်း၊ ဣသရေလမြေအားသိမ်းပိုက်ရန် ကြံစည်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း စသောစရိုက်ဆိုးများကြောင့် ဧဒုံပြည်အား ဘုရားသခင်က ပြစ်တင်ရှုတ်ချသည်။ ဧဒုံပြည်သည် ကောင်းချီးမင်္ဂလာလိုချင်ကြသော်လည်း ကောင်းချီးမင်္ဂလာပေးပိုင်သော အရှင်ဘုရားသခင်ကိုမူ မလိုချင်ကြ။ ယနေ့ခေတ်ကာလတွင်လည်း ထိုနည်း၄င်းဖြစ်သည်။ ကောင်းချီးမဂ်လာလိုချင်ကြသော်လည်း သခင်ယေရှုကိုလက်မခံလိုကြ။ သခင်ယေရှု မပါလျှင်...