ယေရမိအနာဂတ္တိကျမ်း ၂၇
(င) ထမ်းပိုးနိမိတ်လက္ခဏာ (အခန်း၂၇) ၂၇:၁–၁၁ ယေဟောကိမ်မင်း လက်ထက် ပရောဖက်ပြုချက် ဖြစ်သည်။ (ငယ်၁)။ သို့သော် ဤအခန်းသည် အဓိကအားဖြင့် ဇေဒကိမင်းလက်ထက် အကြောင်းဖြစ်သည်။ အချို့က ကျမ်းချက်လွဲနေသည်ဟု ဆိုကြသည်။ တပါးအမျိုးသားရှင်ဘုရင် ငါးပါး၏ သံအမတ်ကြီးများ ယေရုရှလင်မြို့သို့ ရောက်ရှိလာကြပြီ။ ဗာဗုလုန်နိုင်ငံအား ဝိုင်းဝန်းတိုက်ခိုက်ကြရန် စစ်ရေးစစ်ရာ လာရောက်ဆွေးနွေးကြသည်။ ထိုသူများအား ဘုရားရှင်က ပရောဖက်ယေရမိဖြင့် အသိပေးသည်။ ...